Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှ ဖယ်ထုတ်ရန် JFM တောင်းဆို

လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

Justice For Myanmar
Justice For Myanmar

မြန်မာစစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM)မှ ဖယ်ထုတ်ရန် Justice For Myanmar က တောင်းဆိုသည်။

အာဆီယံသည် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ပါဝင်မှုကို ခွင့်ပြုထားခြင်းသည် လွန်စွာမှားယွင်းသည့် လုပ်ရပ်ဖြစ်ပြီး အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ်ပျက်ကွက်နေရုံသာမက မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေခြင်းက စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေ ခြင်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။

“မြန်မာစစ်ကောင်စီက ဒီမိုကရေစီနည်းကျပြည်သူလူထုရဲ့ အသိအမှတ်ပြုတာမရှိပဲ အစိုးရတစ်ရပ်အဖြစ် သူတို့ဘာသာ စိတ်ထင်တိုင်းဖွဲ့စည်းထားတဲ့ တရားမဝင်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ၊ ကုလသမဂ္ဂစင်မြင့်မှာလည်း မြန်မာနိုင်ငံအပေါ် ကိုယ်စားပြုခွင့် မရှိပါဘူး” ဟု JFM က ဆိုသည်။

ထို့အတွက် လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

ဆက်လက်ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်၊ အာဆီယံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင် တစ်ရပ် ဖော်ဆောင်ရန်၊ လက်နက်ပိတ်ဆို့ရေးအပါအဝင် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့လွှဲပြောင်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်ပူးပေါင်းရန် အချက်များကို တောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။

သတင်း

မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်ခံနေသည့်နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကနုလည်း နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့ လဝကရုံးအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရရှိနိုင်သည်ဟု CDF မင်းတပ်ကအသိ​ပေးသည်။

သတင်း

ယင်းအတွက် သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်နှင့် စစ်အုပ်စုကို ချေမှုန်းရန် ဌာနအားလုံးကို စည်းရုံးပေးရန်၊ လူထုကို အသိပေးရန်၊ အားပေးရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတက ညွှန်ကြားသည်။

သတင်း

စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း၊ လက်နက်ကြီးများ အရေအတွက် တိုးချဲ့ထားသကဲ့သို့ ရေငုတ်သင်္ဘောအပါအဝင် ရေတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်နေသည်ကို အထင်အရှား တွေ့ရကြောင်း ၎င်းက ဆိုသည်။