Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာ-မြင်းခြံလမ်းတွင်စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံရ၊ မြို့နယ်ရဲမှူးအပါအဝင်လေးဦးဒဏ်ရာပြင်းထန်

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။

တောင်သာ-မြင်းခြံလမ်း
တောင်သာ-မြင်းခြံလမ်း

တောင်သာ-မြင်းခြံလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပွိုင့်ကားတစ်စီးကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force(NRDF)က ထုတ်ပြန် သည်။

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။

“ယခုချိန်ထိအသေပျောက်သတင်းမရသေးသော်လည်း သေမင်းထံလိုင်စင်ယူစဲကာလ ဖြစ် ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်”ဟု NRDF က ပြောသည်။

တိုက်ခိုက်ရေးအတွက် တော်လှန်ရေးရဲဘော်များသုံးရက်အထိအစာငတ်ခံကာပြင်ဆင်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ပွိုင့်ကားအားတိကျစွာဖောက်ခွဲနိုင်ခဲ့ကြောင်းအသိပေးထားသည်။

အထက်ပါတိုက်ခိုက်မှုကို Natogyi Regional Defence Force(NRDF)၊ မြေလတ်-PDF MGN District ၊ Seven People Defense Force ၊ TTAပြောက်ကျားတပ်ဖွဲ့၊ 27Revolution force၊ The Value Of Young Men စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။