Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံမြို့နယ်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်​နေ၊ဇွန် ၁၃တိုက်ပွဲတွင်စစ်​ကောင်စီတပ်၁၇ဦးခန့်​သေဟုPDFထုတ်ပြန်

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ​ခြေထာက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ အရေးပေါ်လူနာတင်ကား၃စီးဖြင့်၎င်းတို့၏သေဆုံး၊ ဒဏ်ရာရသူများကိုလာရောက်သယ်ဆောင်သွားကြောင်း အသိပေးသည်။

(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))
(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))

KNU သထုံခရိုင် တပ်မဟာ(၁)၊သထုံမြို့နယ် KNLAတပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဇွန် ၁၃ ရက်ဖြစ်​သောတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်တပ်ရင်း – ၃က ယ​နေ့(ဇွန် ၁၄ ရက်)
တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၃ ရက်)နေ့လည် ၂ နာရီ ၃၂ မိနစ် ခန့်က ကျိုက်ထိုမြို့နယ် ဂူကူးကျေးရွာအနီး စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေတပ်မတော်တပ်ရင်း-၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့မှုဖြစ် ပွားချိန် ၁၀ မိနစ် ‌ခန့်ကြာမြင့်ခဲ့သည်ဟု​​သိရသည်။

(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))
(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ​ခြေထာက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ အရေးပေါ်လူနာတင်ကား၃စီးဖြင့်၎င်းတို့၏သေဆုံး၊ ဒဏ်ရာရသူများကိုလာရောက်သယ်ဆောင်သွားကြောင်း အသိပေးသည်။

ထို့အပြင်ယနေ့ (ဇွန် ၁၄ ရက်) နံနက် ၆ နာရီခွဲခန့်ကဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင်KNLAဦးဆောင်​သောပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်ခဲ့​ကြောင်းကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲကမငြိမ်သေးဘူး။ရန်သူ့ ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ၎င်းကလူထုနွေဦးသို့ပြောကြားသည်။

ဇွန်၁၄ရက်နံနက်၆နာရီခွဲခန့်ကစ၍ဝီယော်-ထုံးဘို​လေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံတပ်များမှလက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲ အနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုရှိပြီး ပြည်သူများထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးဟု ထုတ်ပြန်ထားသည်။

ထိုအပြင် ယ​နေ့နံနက်မှာပင် ကျိုက်ထို မြို့နယ် မဲရုံးကြီး​ကျေးရွာအနီးစစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို KNLA /PDFပူး​ပေါင်းတပ်ကတိုက်ခိုက်ခဲ့သည်။KNLA နှင့် PDF များ​ဘေးကင်းပြီး စစ်​ကောင်စီတပ်​သေဆုံးမှုရှိ၊မရှိကို အတည်မပြုနိုင်​ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇွန်လဆန်းပိုင်းကစ၍ KNU တပ်မဟာ ၁ နယ် မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကိုနှစ်ကြိမ်ကြားဖြတ်တိုက် ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထား​သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လက် စစ်ကြောင်းထိုးပြီး သစ်ကြီးတောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း N-YSOက ထုတ်ပြန်သည်။

သတင်း

ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

သတင်း

“မေ ၂၈ ကနေ ဇွန် ၁၄ရက် အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကို အာရုံစိုက်နေရလို့ အဲဒီ ကျတဲ့နေ့က ရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါ” ဟုလည်း TPGက ၎င်း၏ ထုတ်ပြန်ချက်အပေါ် ရှင်းလင်းထားသည်။