Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် စက်​လှေဖြင့်လာ​သော စစ်​ကောင်စီတပ်သားများကို ပျူ​အဖွဲ့က မှားယွင်းပစ်ခတ်ရာ နှစ်ဦး​သေ

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်
ရွှေဘိုမြို့နယ်

ရွှေဘိုမြို့နယ်၊ မခေါက်​ကျေးရွာတွင် စက်လှေဖြင့်လာ သည့် စစ်ကောင်စီတပ်ကို ပျူစောထီးများက မှားယွင်းပစ်ခတ်မိရာမှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၅ ရက်)နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်အရ စဥ့်ကူးမြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို မခေါက်ရွာပျူစောထီးများက ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“မခေါက်ရွာမြောက်ဘက်မှာ ဖြစ်တာ။လတ်တလော အတိအကျသိရတာက မော်တော်မှာက စစ်ကောင်စီတပ်သားက ၂၀ ​ကျော်လောက်ပါတယ်။နှစ်ဦးသေပြီတော့ တစ်ဦးဒဏ်ရာပြင်းတယ်”ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စနေက People’s Springသို့ ပြောသည်။

အဆိုပါ မှားယွင်းပစ်ခတ်မှုကို ပျူစောထီးများက PDF များစောင့်တိုက်ခြင်းဟု မှားယွင်းသတင်းထုတ်လွှင့်နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခန့်မှန်းအရဆို အင်အား ၇၀၀ ဝန်းကျင်ရှိနိုင်တယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ရွှေဘိုမြို့အပါ အဝင် ယင်းဒေသနှင့်ဆက်စပ်သည့် လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားလာခွင့်ယာယီပိတ်ပင်
သည့် သတိပေးချက်များ မကြာခဏထုတ်ပြန်လျှက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး - နဘားကြား တစ်နေရာနှင့် အင်းတော် - ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

"အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး" လို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ကင်းထောက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဆက်ကြောင်းလက်မွန်ရွာမှထွက်လာရာYDF-​ဆော တပ်ရင်း(၉)၏ မိုင်းကွင်းအား လမ်းပြဒလန်၏သတင်းပေးမှုအရ သိရှိသွားပြီး မိုင်းကွင်းအား ရှောင်ကွင်းသွားခဲ့ကြောင်း ဖော်ပြသည်။