Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့ တာဟန်းရပ်ကွက် ​ဘောလုံးကွင်း၌ တပ်စွဲရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်နှင့် မီတာခ​ကောက်ခံ​နေသည့် စစ်​ကောင်စီတပ်သားတို့ကို တပြိုင်နက်တည်း တိုက်ခိုက်

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၂၀၂၁က က​လေးမြို့ တာဟန်းရပ်ကွက်သပိတ်ကို အာဏာသိမ်းစစ်​ကောင်စီတပ် ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁က က​လေးမြို့ တာဟန်းရပ်ကွက်သပိတ်ကို အာဏာသိမ်းစစ်​ကောင်စီတပ် ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တာဟန်းရပ်ကွက် ဘောလုံးကွင်း၌ အင်အား ၁၂၀ကျော်ဖြင့် တပ်စွဲရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်ရပ်ကွက်အတွင်း မီတာခလိုက်လံကောက်နေသည့် စစ်ကောင်စီတပ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် တာဟန်းဘောလုံးကွင်း၌ တပ်စွဲရန်ပြင်ဆင်နေစဉ် ယနေ့ နံနက် ၉နာရီမှ ၁၀နာရီအထိ သွားရောက်ပစ်ခတ်ခဲ့ပြီး ရပ်ကွက်အတွင်း လျှပ်စစ်မီတာခကောက်နေသည့် စစ်ကောင်စီတပ်တို့ကိုလည်း CNDFနှင့်ပူးပေါင်းအဖွဲ့က တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CNOက ဆိုသည်။

Public Service Announcement

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စခတွေ(စစ်ကောင်စီ)တပ်က မြို့ထဲမီတာခ အသည်း အသန်ကောက်နေတာ အခုလို ဝင်ပစ်စေချင်တာကြာနေပြီ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံကာကွယ် ရေးတပ်များက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

သတင်း

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး - နဘားကြား တစ်နေရာနှင့် အင်းတော် - ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

"အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး" လို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

ကင်းထောက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဆက်ကြောင်းလက်မွန်ရွာမှထွက်လာရာYDF-​ဆော တပ်ရင်း(၉)၏ မိုင်းကွင်းအား လမ်းပြဒလန်၏သတင်းပေးမှုအရ သိရှိသွားပြီး မိုင်းကွင်းအား ရှောင်ကွင်းသွားခဲ့ကြောင်း ဖော်ပြသည်။