Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် မီတာပုံးများလိုက်ဖြုတ်သော လျှပ်စစ်ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၊ တစ်ဦးကျည်ထိမှန်

“လျှပ်စစ်ရုံးကကောင် နှစ်ကောင်လာပြီး မီတာပုံးလာဖြုတ်တာ။ ဖြုတ်နေတဲ့အချိန် သေနတ်နဲ့အပစ်ခံရတာ။ တစ်ကောင် ထိသွားတယ်။ မုံရွာဆေးရုံမှာ”ဟု မြို့ခံတစ်ဦးကပြောသည်။

မုံရွာမြို့
မုံရွာမြို့

မုံရွာမြို့တွင် စစ်အာဏာရှင်အားဆန့်ကျင်ပြီး လျှပ်စစ်မီတာခမပေးဆောင်ဘဲနေသည့် နေအိမ်များမှ မီတာပုံးလိုက်ဖြုတ်သော လျှပ်စစ်ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးကျည်ထိမှန်ခဲ့သည်။

မုံရွာမြို့စက်မှုဇုန်ရပ်ကွက် ဇီဇဝါလမ်းတွင် ယနေ့(ဇွန် ၁၅ရက်)နံနက် ဆယ်နာရီခန့်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

“လျှပ်စစ်ရုံးကကောင် နှစ်ကောင်လာပြီး မီတာပုံးလာဖြုတ်တာ။ ဖြုတ်နေတဲ့အချိန် သေနတ်နဲ့အပစ်ခံရတာ။ တစ်ကောင် ထိသွားတယ်။ မုံရွာဆေးရုံမှာ”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

သေနတ်ဖြင့်ပစ်ခံရသူနှစ်ဦးမှာ မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ဖြစ်သည်။ တစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ မုံရွာဆေးရုံတွင် ကုသမှုခံယူနေပြီး ဦးနိုင်ဆန်းလင်းမှာ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို ယနေ့ညနေအထိ မသိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးတစ်လျှောက် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦးနှင့် မုံရွာမြို့အစရှိသည့် မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းများအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏမိုင်းဆွဲ တိုက်ခိုက်နေသည်။

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

သတင်း

လုယက်သူ ၅ဦးလုံး မုံရွာမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။