Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး – နဘားကြား တစ်နေရာနှင့် အင်းတော် – ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်
စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်

နေရာ ၂ခု၌ မိုင်းဖြင့်တိုက်ခိုက်ခံရ၍ စစ်ကား ၃စီးထိခိုက်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ကချင်ပြည်နယ် မိုးညှင်းမြို့ အမြှောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်မှ မန္တလေးမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က နေရာ ၂ခု၌ ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး – နဘားကြား တစ်နေရာနှင့် အင်းတော် – ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

မော်လူးနှင့်နဘားကြား တိုက်ခိုက်မှုတွင် ယာဉ်တန်းကို မိုင်း ၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကား တစ်စီး လမ်းဘေးထိုးကျခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရကြောင်း၊ အင်းတော်နှင့် ကျောင်းကုန်းရွာကြား တိုက်ခိုက်မှုတွင် မိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အင်အား ၃၀ကျော်ပါ ယာဉ် ၂စီး ပက်လက်လန်သွား၍ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်သည်ဟု ဖော်ပြသည်။

မျက်မြင်ပြည်သူများ၏ ပြောကြားချက်အရ အလောင်းများနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကားပေါ် တင်သွားကြောင်း၊ စစ်ကောင်စီတပ်မှ အချိန် အတော်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

သတင်း

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

"အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး" လို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။