Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဗြိတိသျှ ကိုလိုနီ ဖြစ်ဖူးတဲ့ သမိုင်းကို ဟောင်ကောင် ကျောင်းသင်ရိုးမှာ ဖယ်ရှားဖို့ စီစဉ်

တရုတ် အစိုးရ အနေနဲ့ ဗြိတိသျှတွေက ဟောင်ကောင်ကို သိမ်းပိုက်ခဲ့တာကို အသိအမှတ်ပြုတာ မဟုတ်တဲ့အတွက် ဘိန်းစစ်ပွဲအပြီး ဗြိတိန် အစိုးရဆီ ဟောင်ကောင်ကို လက်လွှဲပေးလိုက်ရတာကို သမိုင်းစာအုပ်ထဲ ထည့်မသင်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းကို ဟောင်ကောင်က ကျောင်းသင်ရိုး စာအုပ်တွေထဲမှာ ပယ်ဖျက်ပစ်တော့မယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာ တရုတ် အစိုးရကို ဖီဆန်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အားကောင်းခဲ့တာနဲ့ ပတ်သက်လို့ သမိုင်းကြောင်း သင်ယူမှုတွေကို တရုတ် အာဏာပိုင်တွေက အပြစ်ဖို့ခဲ့ကြပါတယ်။ အခုအခါမှာတော့ တရုတ် အစိုးရဟာ အနာဂတ် ဟောင်ကောင် ကျောင်းသူကျောင်းသားတွေကို ကျွန်းနိုင်ငံရဲ့ သမိုင်းမှာ ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ဖူးကြောင်း ထည့်သွင်း သင်ယူစေမှာ မဟုတ်တော့ကြောင်း ဒေသခံ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

တရုတ် အစိုးရ အနေနဲ့ ဗြိတိသျှတွေက ဟောင်ကောင်ကို သိမ်းပိုက်ခဲ့တာကို အသိအမှတ်ပြုတာ မဟုတ်တဲ့အတွက် ဘိန်းစစ်ပွဲအပြီး ဗြိတိန် အစိုးရဆီ ဟောင်ကောင်ကို လက်လွှဲပေးလိုက်ရတာကို သမိုင်းစာအုပ်ထဲ ထည့်မသင်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ဖြစ်ပွားတဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကိုလည်း ပြင်ပ အမှောင့် ပယောဂတွေရဲ့ တွန်းအားပေးမှုကြောင့် ပေါ်ပေါက်လာတဲ့ အုံကြွမှုအဖြစ် ပြောင်းလဲ ပုံဖော်စေမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရပြီးနောက် တရုတ် အစိုးရ လက်အောက်ထဲ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။ မူလက ဟောင်ကောင်မှာ တရုတ်ထက် ပိုမို လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံရေး စနစ်မျိုး ကျင့်သုံးခွင့် ရခဲ့ပေမယ့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပြီး တရုတ်က ဟောင်ကောင်အပေါ် ပိုမိုတင်းကျပ်တဲ့ အုပ်ချုပ်မှု စနစ်မျိုး ကျင့်သုံးလာခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက်များသည် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ စီးပွားရေးကျင့်ဝတ်ကောင်းများ၊ NUG ထုတ်ပြန်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးရန်လို အပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တောင်းဆိုသည်။

ဗီဒီယို

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

News

စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်အကြာတွင် အထက်ပါ အက်ပလီကေးရှင်း store နှစ်ခုစလုံးက ဖယ်ရှားခဲ့ခြင်းဖြစ် သည်။

နိုင်ငံတကာ

ဟောင်ကောင် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟောင်ကောင် အရှေ့ဖက်ကမ်းလွန် ကီလိုမီတာ ၃၀၀ လောက်မှာ အဲဒီ ရေနံတင်သင်္ဘော ဒုက္ခကြုံနေခဲ့တာလို့ သိရပါတယ်။ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုလည်း အတိအကျ မသိရသေးပါဘူး။