Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ

ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က အမျိုးသား ၄ ဦးရှေ့ဆင့်နောက်ဆင့်ရောက်လာကာ လက်နက်ပြပြီး ဓားပြတိုက်သွားတာပါ။

မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ
မန္တလေး က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရ

မန္တလေး အမှတ် ၃ နယ်မြေရဲစခန်းနားမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်းက လက်နက်ကိုင်ဆောင်သူအချို့ ဓားပြတိုက်သွားတယ်လို့သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က အမျိုးသား ၄ ဦးရှေ့ဆင့်နောက်ဆင့်ရောက်လာကာ လက်နက်ပြပြီး ဓားပြတိုက်သွားတာပါ။

လက်နက်ပြကာ ဘဏ်ကောင်တာကိုသွားပြီး ငွေထုပ်ယူသွားတယ်လို့သိရပါတယ်။ ဒီလို ဓားပြတိုက်ခံရတဲ့ ဘဏ်အနီးမှာ စစ်ကောင်စီလက်အောက်ခံ အမှတ် ၃ နယ်မြေရဲစခန်းရှိပြီး လုံခြုံရေးတင်းကြပ်ထားတဲ့နယ်မြေလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘဏ်အနီးပတ်ဝန်းကျင်နဲ့ မန္တလေးမြို့တွင်းမှာ စစ်အုပ်စုကားတွေလှည့်လည်ပြီး စစ်ဆေးတာတွေကိုလုပ်နေတာတွေ့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒဏ်ရာရစစ်သားများမှာစစ်ကိုင်းတိုင်းကသာဘက်တွင် ဒဏ်ရာရသူများကို ပြင်ဦးလွင်သို့ပို့ရန် ​ရေ​ကြောင်းမှသယ်လာခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

ဒီတိုက်ခိုက်မှုကို Generation Z power ဆိုတဲ့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့က လုပ်ဆောင်တာလို့ထုတ်ပြန်ထားပါတယ်။

သတင်း

"ခါတိုင်း ပုံမှန်ကြားရက်တွေတောင် ဘုရားဖူးဧည့်သည်က စည်စည်ကားကားရှိတယ်။ ဒီနေ့တော့ ဘုရားဖူးတွေ မလာသလောက်နီးပါးကို လူမရှိဘဲရှင်းလင်းနေတယ် " ဟု မြို့ခံတစ်ဦးက ပြောသည်။

သတင်း

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။