Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်၏လက်နက်ကြီးကျည် ဇွပ်​အောင်စစ်​​ရှောင်စခန်းအတွင်းကျ၍ စစ်​ရှောင်အမျိုးသမီးသုံးဦး ​သေဆုံး

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ကွတ်ခိုင်မြို့နယ်တွင်ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကအထိနာသဖြင့် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ - Kachin News Group

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် ဇွပ်​အောင်စစ်ဘေးရှောင်စခန်းအတွင်းကျရောကပေါက်ကွဲခဲ့၍စစ်​ရှောင်အမျိုးသမီးသုံးဦးသေဆုံးခဲ့သည်ဟုဒေသခံများကပြောသည်။

စစ်ကောင်စီတပ်က ယနေ့(ဇွန် ၁၇ရက်)နံနက် ၁၁နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦး​သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်းစခန်းက ပြည်သူသုံးဦး လက်နက်ကြီး ထိ သေတယ်။ စစ်ကောင်စီတပ်က စပ်တပ်ကုန်းကနေပစ်နေတာ”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ကွတ်ခိုင်မြို့နယ်တွင်ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကအထိနာသဖြင့် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

ဇွပ်အောင်စစ်ဘေးရှောင်စခန်းသည် ယခင်က ရှမ်းမြောက်တိုက်ပွဲများကြောင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ တစ်ထောင်ခန့်ရှိနေသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ဇွပ်အောင်စခန်းမှ စစ်ဘေးရှောင်များသည် ကွတ်ခိုင်မြို့ပေါ်သို့ အရေးပေါ်ပြောင်းရွှေ့နေကြရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဒီနေ့အမိန့်ချရာမှာ မောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ၊NLDပါတီရုံးမြေကိစ္စ အမှု ၂ မှုအတွက် ၆နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ကိုချမှတ်ခဲ့တာပါ။

သတင်း

စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် " လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်"ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိ​ပေးထုတ်ပြန်သည်။

သတင်း

ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။