Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အထူးတပ်ဖွဲ့အတွက် ​​ဒေါ်လာနှစ်သိန်းခွဲလိုအပ်​​နေ​​သေးကြောင်းဗိုလ်နဂါး​ပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်နဂါး
ဗိုလ်နဂါး

စစ်ကိုင်းတိုင်းတွင် နယ်လှည့်မီးရှို့​နေ​သောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန် ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့အတွက်လက်နက်တပ်ဆင်ရန် ပြည်သူလူထုထံမှ အမေရိကန်ဒေါ်လာလေးသိန်းခွဲအလှူခံထားရာ ယခုအခါဒေါ်လာနှစ်သိန်းရရှိပြီဖြစ်ပြီး​ဒေါ်လာနှစ်သိန်းခွဲခန့်လိုအပ်နေသေးကြောင်း ဗိုလ်နဂါးက People’s Spring သို့ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့တော်ဝင်နဂါးတပ်
မြန်မာ့တော်ဝင်နဂါးတပ်

မူလက ၎င်းထံတွင် ဒေါ်လာနှစ်သိန်းခွဲရှိနေ၍ အရေးပေါ်လိုအပ်ငွေမှာ ​ဒေါ်လာနှစ်သိန်းခွဲဟု ဗိုလ်နဂါးက သတင်းမီဒီယာအချို့တွင် ပြောကြားခဲ့ဖူးသည်။ သို့သော် ယခင်ကမှာယူထားသည့် လက်နက်ကြီးအမျိုးအစားတစ်ခုသည် ယခုရက်ပိုင်းအတင်း ရောက်ရှိလာ၍ ငွေချေလိုက်ရ​သောကြောင့် ငွေအပိုမရှိတော့သဖြင့် ပြည်သူလူထု၏ လှူဒါန်းမှုကို ထပ်မံလိုအပ်နေကြောင်း ဗိုလ်နဂါးက ရှင်းပြသည်။

” ကျွန်တော့်မှာ ဒေါ်လာနှစ်သိန်းခွဲလောက် မူလက ရှိခဲ့တယ်။ လက်နက်မှာပြီး စောင့်နေတဲ့ကာလမှာ တပ်ရင်းအသုံးစရိတ်တွေ၊ ကျည်တို့ လက်နက်ငယ်တို့ ဖြည့်ဝယ်တာမျိုးတွေ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေနဲ့ အခြားတပ်ဖွဲ့ငယ်တွေကို တစ်ဆယ်၊ နှစ်ဆယ်(သိန်း)စသည်ဖြင့် မျှပေးရင်းနဲ့ ကျွန်တော် စာရင်းပြန်စစ်တဲ့အခါ တစ်သိန်းကျော်လောက်ပဲကျန်တယ်။ ဖြစ်ချင်တော့ အထူးတပ်ဖွဲ့အတွက် အစီအစဥ်ဆွဲနေတုန်း စောစောကလိုက်နေတဲ့ပစ္စည်းကရောက်လာလို့ ငွေချေလိုက်ရတယ်။ ပစ္စည်းအကြီး။ ဒေါ်လာတစ်သိန်းပေါ့။လက်ကျန်ငွေမရှိသလောက်ဖြစ်သွားတယ်။ အထူးတပ်ဖွဲ့အတွက် လိုအပ်တဲ့ လေးသိန်းခွဲက လေးသိန်းခွဲလုံး ပြန်ရှာရမယ့်သဘောဖြစ်သွားတယ်။ အခု ဝင်လာတာက နှစ်သိန်းဝန်းကျင်။ ဒါကြောင့် နှစ်သိန်းခွဲလောက်လိုအပ်နေသေးတယ်။ အခြေအနေက အဲ့လို ဖြစ်နေတယ်” ဟု ဗိုလ်နဂါးက အသေးစိတ်ရှင်းပြသည်။

ယခုဖွဲ့စည်းမည့် အထူး တပ်ဖွဲ့သည် စစ်ကောင်စီကို ထိထိရောက်ရောက်ချေမှုန်းရန် ရည်ရွည်သည်ဟုဆက်​ပြောသည်။

“သေချာတာကတော့ ဒီအဖွဲ့ဟာ အချိန်ပြည့် ရောက်နိုင်သမျှနေရာတွေမှာ ရန်သူကို အပြင်းထန်တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်ထားတာပါ” ဟု ဗိုလ်နဂါးကဆိုသည်။

အထူးတပ်ဖွဲ့အတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ကြားခံဝယ်ယူပေးမည်ဖြစ်ပြီး သယ်ယူမည့်လမ်းကြောင်းအတွက်လည်း MODနှင့် EAOများ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့)က ပူးပေါင်းပါဝင်ကူညီပေးရန် ညှိနှိုင်းထားသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်​ခေါင်း​ဆောင်က​ပြောသည်။

အထူးတပ်ဖွဲ့ဖွဲ့စည်းရန်အတွက် လိုအပ်သော ငွေကြေးကို လှူဒါန်းပေးကြပါရန် ဗိုလ်နဂါးက မေတ္တာရပ်ခံပြီး အောက်ပါ link များသို့ ဆက်သွယ်၍ လှူဒါန်းနိူင်ကြောင်း အသိပေးထားသည်။

ပုလဲ PDF
https://www.facebook.com/Pale-Peoples-Defence-Force-PPDF-1…/

NUG ဒုဝန်ကြီးအိသဥ္ဇာမောင်
https://m.facebook.com/etzm.dpns/

MFDMC (ကိုရီးယား)
https://m.facebook.com/MFDMCkorea/

https://www.facebook.com/welovemm2022/
(ကိုရီးယား၊ ထိုင်း၊ မလေးရှား)

Kyle6moe@yahoo.com or chohernandez@yahoo.com
(USA)

https://web.facebook.com/gfgmyanmar
Global Fundraisers Group

m.me/soldiercatmm
(USA, UK , ထိုင်း , စင်ကာပူ, ကိုရီးယား , ဂျပန်)

မအိုင်ရင်း
(စင်ကာပူ)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့် မေလ ၅ ရက်မှစတင်ရောင်းချနေခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ၂၀၂၂ ဧပြီလတွင် ပြည်တွင်းသုံးစွဲမှုများနှင့် ပေးချေမှုများကို ကျပ်ငွေဖြင့်သာဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည့် အတိုင်းဆောင်ရွက်ရမည်ဟုဆိုထားသည်။

News

တိုက်ခိုက်မှုဖြစ်စဥ်များမှာ ယမန်နေ့ (မေ ၁၂ ရက်) နံနက် ၁၁ နာရီခွဲခန့်၌ လက်ပုကန်ကျေးရွာ အရှေ့ဘက်အနီးတွင် ပုလဲမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီလမ်းကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး​သေဆုံးခဲ့သည်ဟုပါရှိသည်။