Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်​အောင်ဆန်းစုကြည်၏မွေး​နေ့အခမ်းအနားကို​CDSOMဦး​ဆောင်၍ PDFအဖွဲ့ ၄၀ခန့်ဖြင့်စု​ပေါင်းပြုလုပ်

“အမေစု မတရားဖမ်းဆီး အချုပ်အနှောင်ခံရမှုမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊အမေစု ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရားကြောင့် အမြန်ဆုံးလွတ်မြောက်ပါစေ၊စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာပါစေ” ဆုတောင်းပေးခဲ့ကြသည်။

(​နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​မွေး​နေ့အခမ်းအနားကိုPDFနှင့်​တော်လှန်​ရေးအင်အားစုအဖွဲ့ ၄၀ နီးပါးက လူ၅၀၀ ​ကျော်တက်​ရောက်ခဲ့သည်။ ဓါတ်ပုံ-CDSOM)
(​နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​မွေး​နေ့အခမ်းအနားကိုPDFနှင့်​တော်လှန်​ရေးအင်အားစုအဖွဲ့ ၄၀ နီးပါးက လူ၅၀၀ ​ကျော်တက်​ရောက်ခဲ့သည်။ ဓါတ်ပုံ-CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်ယမန်နေ့(ဇွန်လ၁၉ ရက်) နံနက် (၁၀) နာရီကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏၇၇နှစ်ပြည့်မွေးနေ့အခမ်းအနားကို
CDSOM မှဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်​တော်လှန်​ရေးအင်အားစုအဖွဲ့၄၀နီးပါးက စုပေါင်းပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို မြောင်နယ်တော်လှန်ရေးအင်အားစုနှင့် ချောင်းဦး ၊ မြင်းမူ၊ မြင်းခြံ နှင့် မဟာမိတ်များ (၃၈) ဖွဲ့မှ ရဲဘော်များနှင့် ပြည်သူများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အစီအစဥ်တွင် ဖက်ဒရယ်နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးခဲ့သော နွေဦးတော်လှန်ရေး သူရဲကောင်းများအားအလေးပြုခြင်း၊ အဖွဲ့အသီးသီး၏ ခေါင်းဆောင်တစ်ဦးချင်းစီမှ မွေးနေ့ဆုတောင်းခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ကဗျာဖတ်ခြင်းနှင့် အမေစုမွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။

အလေးပြုအခမ်းအနား ကျင်းပပြီးသည့်နောက် မဟာမိတ်တပ်များမှရဲဘော်များနှင့် ပြည်သူများအား နေ့လယ်စာဖြင့် ဧည့်ခံခဲ့သည်။

“အမေစု မတရားဖမ်းဆီး အချုပ်အနှောင်ခံရမှုမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊အမေစု ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရားကြောင့် အမြန်ဆုံးလွတ်မြောက်ပါစေ၊စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာပါစေ” ဆုတောင်းပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်ပြည့်မွေးနေ့အခမ်းအနားသို့

၁၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM
၂၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၃
၃၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ တပ်ခွဲ ၃
၄၊ MUA စစ်ကိုင်းခရိုင် တပ်ရင်း ၆ မှ တပ်ခွဲ ၃
၅၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W
၆၊ Myaung Fighter Defense Force
၇၊ Shwe Ao Revolution Force
၈၊ Myaung Farmer Defense Force
၉၊ ပြောက်ကျားလင်းယုန်အဖွဲ့
၁၀၊ CDSOM ၏ တောင်ပိုင်းတိုက်ခိုက်ရေး ဗိုလ်ကျားသစ်
၁၁၊ CDSOM ၏ အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 003 အဖွဲ့
၁၂၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 007 အဖွဲ့
၁၃၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 012 အဖွဲ့
၁၄၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး နတ်မြင်းအဖွဲ့
၁၅၊ CDSOM ၏ အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 005 အဖွဲ့
၁၆၊ Young Fighters People’s Defense Force of Myaung
၁၇၊ ဒေါင်းစစ်သည်အဖွဲ့
၁၈၊ ကန္တာရသိန်းငှက်အဖွဲ့
၁၉၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး 012 အဖွဲ့
၂၀၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး နတ်မြင်းအဖွဲ့
၂၁၊ CDSOM ၏ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK
၂၂၊ စော်ဘွားကြီးအဖွဲ့
၂၃၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့
၂၄၊ ဗိုလ်နေတိုးအဖွဲ့
၂၅၊ Black Eagle Defense Force – MMU
၂၆၊ ဗိုလ်တောက်ထွန်းအဖွဲ့
၂၇၊ G.G.G
၂၈၊ Joker GZ အဖွဲ့
၂၉၊ Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့
၃၀၊ Myaung Education Network မြောင်ပညာရေးကွန်ယက်
၃၁၊ People Defense Force –Taloke (မြင်းခြံခရိုင်တပ်ရင်း ၂)
၃၂၊ MGN TIGER (မြင်းခြံခရိုင်တပ်ရင်း ၂)
၃၃၊ MGN RANGER (မြင်းခြံခရိုင်တပ်ရင်း ၂)
၃၄၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF (Myinmu)
၃၅၊ Chaung Oo Revolution Army – ချောင်းဦးမြို့ပြတော်လှန်ရေးအဖွဲ့
၃၆၊ နောင်ရိုးအထူးပြောက်ကျားအဖွဲ့
၃၇၊ ငနန်းအဖွဲ့
၃၈၊ G Seven
အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပစ်ခတ်ခံရပြီးနောက် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

သတင်း

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။

သတင်း

ယင်းစခန်းမှ ရဲဘော်များသည် ယနေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် မွေးနေ့ကိတ်ခွဲခဲ့ကာ ‌‌မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပန်းသပိတ်လည်းဆင်နွဲခဲ့ကြောင်း ယင်းစခန်းမှတာဝန်ရှိသူကပြောသည်။

သတင်း

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။