Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက် ဒေါ်လာ ၁သိန်း ထပ်မံထောက်ပံ့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ကိုရီးယားရောက်မြန်မာနိုင်ငံသားအဖွဲ့

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်မံထောက်ပံ့ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ယနေ့သတင်းထုတ်ပြန်သည်။

လစာ၏ တစ်ရက်ဝင်ငွေထည့်ဝင်ခြင်းလှုပ်ရှားမှု ONE DAY CHALLENGE တွင် ကိုရီးယားရောက်မြန်မာနိုင်ငံသား အဖွဲ့ဝင် ၁၇၈၇ဦး ရှိပြီး လစဉ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၆၇,၈၃၀,၀၀၀ ထောက်ပံ့ပေးနိုင်မည်ဟု ဆိုသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ONE DAY CHALLENGE

ထို့အပြင် One Day Challenge ထောက်ပံ့ငွေဖြင့် NUG အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ (ကျပ်၅၉၄သိန်း)တန်ဖိုးရှိ ကျည်အရေအတွက် ၁၃,၅၀၀ ကိုထောက်ပံ့ခဲ့ပြီး မြေပြင် LPDF အဖွဲ့ ၄၉ ဖွဲ့ကိုလည်း NUG ၏ ထောက်ပံ့ ကူညီငွေအဖြစ် ကျပ်သိန်း ၉၈၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ONE DAY CHALLENGE ထောက်ပံ့ငွေကို NUG ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေကြောင်း NUG က ကြေညာသည်။

NUG သည် လစဉ်ရန်ပုံငွေထည့်ဝင် ထောက်ပံ့ပေးနေသည့် ONE DAY CHALLENGE မင်ဘာ၀င်များ၏ ထည့်ဝင်ငွေများကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး ၆ လ တစ်ကြိမ် အခွန်ခံစားခွင့် ဂုဏ်ပြု လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဖြည့်သွင်းထားသော အချက်အလက်များကို စိစစ်အတည်ပြု၍ OERC ထုတ်ပေးမည်ဟု ကြေညာချက်၌ ဖော်ပြသည်။

သတင်း

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့် မေလ ၅ ရက်မှစတင်ရောင်းချနေခြင်းဖြစ်သည်။