Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွတ်မြောက်နယ်မြေများတွင် စာသင်ကျောင်းဖွင့်လှစ်တော့မည်ဖြစ်၍ CDM ဆရာ၊ ဆရာမများကို မတူပီမြို့ပညာရေးဘုတ်အဖွဲ့ မေတ္တာရပ်ခံဖိတ်ခေါ်

CDF(မင်းတပ်)အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများကို လက်တွေ့ကျကျ ထိထိရောက်ရောက်အရေးယူမည်ဟု ဇွန်လ ၃ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

(မတူပီမြို့ကို ‌မြင်တွေ့ရစဥ်)
(မတူပီမြို့ကို ‌မြင်တွေ့ရစဥ်)

မတူပီမြို့ ပညာရေးဘုတ်အဖွဲ့က လွတ်မြောက်နယ်မြေများတွင် စာသင်ကျောင်းဖွင့်လှစ်တော့မည်ဖြစ်၍ CDM ဆရာ၊ဆရာမများကို မေတ္တာရပ်ခံဖိတ်ခေါ်ကြောင်း ယနေ့ (ဇွန်၆ရက်) ထုတ်ပြန်လိုက်သည်။

မတူပီပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး ၂၀၂၂ ဇွန်လမှစတင်ပြီး လေးလတာကာလအတွင်း လွတ်မြောက်နယ်မြေများတွင် စာသင်ကျောင်းများဖွင့်လှစ်မည် ဖြစ်သည်။

ထိုသို့ ဖွင့်လှစ်ရန်လည်း ဆရာ၊ဆရာမများလိုအပ်နေပြီး CDMဆရာ၊ ဆရာမများအနေဖြင့် တိုင်းပြည်၊လူမျိုးနှင့် ကျောင်းသားထု လိုအပ်အချက်တွင် ပါဝင်ပေးကြရန် မတူပီပညာရေးဘုတ်အဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့အတူ ချင်းပြည်ကာကွယ်ရေးတပ်(CDF-မင်းတပ်)ကလည်း စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ကလေးများကျောင်းမထားရန်လည်း တိုက်တွန်းထားသည်။

CDF(မင်းတပ်)အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများကို လက်တွေ့ကျကျ ထိထိရောက်ရောက်အရေးယူမည်ဟု ဇွန်လ ၃ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

CDF(မင်းတပ်)အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းသည့် ဝန်ထမ်းများကို အရေးယူမည်ဟု အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုထားသည်။ သို့သော်လည်း အပြစ်အရေးယူခြင်းမလုပ်ဘဲ သတိပေးရုံသာ ဆောင်ရွက်သဖြင့် ဝန်ထမ်းများက အလေးမထားဘဲ စစ်ကောင်စီနှင့်ပူးပေါင်း ဆောင်ရွက်နေသည်ဟု CDF(မတူပီ)က ဆိုသည်။

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် စစ်ကောင်စီနှင့်ပူးပေါင်း၍ ကျောင်းများဖွင့်လှစ်ရန်ကြိုးစားနေကြောင်းလည်း သိရသည်။ ထိုကြောင့် စစ်ကောင်စီနှင့်ပူးပေါင်းသည့် ပညာရေးဝန်ထမ်းများကို ထိထိရောက်ရောက်အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က ဇွန်လမှစတင်ပြီး အခြေခံပညာကျောင်းများကို လေးလသင်ရိုးဖြင့် လွတ်မြောက်နယ်မြေများတွင် စတင်ဖွင့်လှစ်နေခြင်းဖြစ်သည်။

CDF(မတူပီ)ကလည်း ပြည်သူလူထုအနေဖြင့် စစ်ကောင်စီကဖွင့်လှစ်သည့်ကျောင်းများတွင် ကလေးများကိုကျောင်းမထားဘဲ မတူပီပညာရေးဘုတ်အဖွဲ့က ဖွင့်လှစ်သည့်ကျောင်းများတွင်သာ အပ်နှံကြရန် တိုက်တွန်းထားသည်။

ထို့အတူ စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တယားတို့ကို အသက်သွင်းရန်ကြိုးစားနေသည့် ဌာနဆိုင်ရာမှ Non-CDM များနှင့် အားပေးအားမြှောက်လုပ်နေသူများကိုလည်း အရေးယူတော့မည်ဟု CDF(မတူပီ)က ထုတ်ပြန်သည်။

အချို့သောပညာရေးဝန်ထမ်းများသည် ကိုယ်ကျိုးတစ်ခုတည်းသာကြည့်ပြီး စစ်ကောင်စီယန္တယားလည်ပတ်နိုင်ရန် ကျောင်းသားမိဘများကို အမျိုးမျိုးခြိမ်းခြောက်နေသည်ဟုလည်း CDF(မတူပီ)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။

ဆောင်းပါး

စစ်​ကောင်စီ​ကျောင်း​တွေမှာမအပ်ဖူးဆိုတဲ့ ​ကျောင်းသားမိဘ​တွေက စစ်​ကောင်စီပြုတ်ပြီး ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှ​​ပုံမှန်​ကျောင်း​တွေပြန်ထားဖို့စီစဥ်ထားကြတာဖြစ်ပါတယ်။

သတင်း

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

"စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။"ဟု GNC မှတာဝန်ရှိသူကပြောသည်။