Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးနယ် ညောင်ပင်တဲရွာရှိ ​ဒေသခံပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ်က ​ဒေသခံပြည်သူငါးဦးအား မီးရှို့သတ်ဖြတ်ပြီး ​ကျေးရွာအားမွှေနှောက်ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ချောင်းဦးမြို့နယ်ပြည်သူ့သတင်း)
(အကြမ်းဖက်စစ်တပ်က ​ဒေသခံပြည်သူငါးဦးအား မီးရှို့သတ်ဖြတ်ပြီး ​ကျေးရွာအားမွှေနှောက်ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ချောင်းဦးမြို့နယ်ပြည်သူ့သတင်း)

▪️ပြည်သူ့ကာကွယ်​ရေးတပ်မှ ရဲ​ဘော်တစ်ဦးကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာရှိ ​ဒေသခံပြည်သူ ငါးဦးကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ၁၈ ရက် နံနက်ပိုင်းက ချောင်းဦးမြို့မှ အင်အား ၈၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ညောင်ပင်တဲကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ​ဒေသခံများ၏ နေအိမ်များကို မွှေနှောက်ရှာဖွေဖျက်ဆီးကာ ညအိပ်နေထိုင်ခဲ့ကြသည်။

ကျေးရွာအတွင်း ပိတ်မိကျန်ရစ်သော ရွာသူ၊ရွာသားများကို ဖမ်းဆီး၍ နေအိမ်တစ်အိမ်တွင် ချုပ်နှောင်ထားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇွန်လ၂၀ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးမိသူများအနက် အမျိုးသမီးကြီး သုံးဦးကိုပြန်လွှတ်၍ အမျိုးသား ငါးဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြသည်။

မီးရှို့သတ်ဖြတ်ခံရသူများမှာ ညောင်ပင်တဲကျေးရွာမှအသက် ၅၂ နှစ်အရွယ် ဦးပေါကြည် ၊ အသက် ၃၇နှစ်အရွယ်ကိုနေဝိုင်း၊ အသက် ၄၈နှစ်အရွယ် ဦးအောင်မင်းနှင့် အသက် ၄၉ နှစ်အရွယ် ဦးပြေအေးတို့ဖြစ်ပြီး တစ်ဦးမှာမူ မည်သူမှန်းမသိရသေးကြောင်း ဒေသခံများကပြောသည်။

” ၁၈ရက်နေ့က လက်နက်ကြီးတွေ သေနတ်‌တွေအစုံပစ်ပြီး ရွာထဲဝင်လာတာ။ မပြေးနိုင်ဘဲ ပိတ်မိကျန်ရစ်တဲ့သူ ရှစ်ယောက်ကို ဖမ်းတယ်။ အိမ်တစ်အိမ်မှာချုပ်ထားပြီး ယောက်ျားလေးတွေကို တူတွေ ပလာယာတွေနဲ့ ထုညှပ်ပြီး သူတို့သိချင်တာတွေမေးတယ်။ ရွာသားတွေဆိုတော့ ဘာသိမှာလဲဗျာ။ မေးတာမသိလေ ပိုနှိပ်စက်လေ၊နှိပ်စက်ပြီး နှစ်ယောက်ကို အိမ်အပြင်ဘက် ​တရွတ်တိုက်ဆွဲခေါ်ပြီး မီးရှို့သတ်တော့တာပဲ။ ၁၉ ရက်နေ့ ညပိုင်းမှာ တစ်ယောက်ထပ်သတ်တယ်။ ၂၀ ရက်မနက် သူတို့ပြန်ထွက်ခါနီး အိမ်တစ်လုံးကိုမီးရှို့ပြီး ကျန်တဲ့ နှစ်ယောက်ကို အဲဒီအိမ်ထဲပစ်ထည့်သွားတာပဲ “ဟု ဒေသခံတစ်ဦးက ချောင်းဦးမြို့နယ်ပြည်သူ့သတင်းသို့ ဖြေဆိုထားသည်။

ညောင်ပင်တဲကျေးရွာ စီးနင်းမှုဖြစ်စဉ်တွင် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တိုးနိုင်ဝင်း နိုင်ငံတော်အတွက် အသက်စွန့်လှူ၍ မြင့်မြတ်စွာကျဆုံးကြောင်း ​ချောင်းဦးPDF က ထုတ်ပြန်သည်။

“ကျဆုံးတာ ဟုတ်ပါတယ်။ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်ရေးလုပ်ရင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့တာပါ၊ ချောင်းဦး(ပကဖ)က ရဲဘော် တစ်ယောက်နဲ့ CHUPDF က ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရတယ်။ ကျဆုံးရဲဘော်ကို ဒီနေ့ စစ်အခမ်းအနားနဲ့ သင်္ဂြိုလ်ပြီးပါပြီ “ဟု ​ချောင်းဦး PDF ပြန်ကြားရေးဌာနစိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မတူပီမြို့နယ် ပညာရေးဘုတ် အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။

သတင်း

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

သတင်း

ကလေးမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးများအား ဗုံးသီးများကိုင်တွယ်ကစားခြင်းများမပြုကြရန်အထူးမှာကြားထားရန် လိုအပ်ပြီး ဗုံးသီးများ တွေ့ရှိပါက မြို့နယ် အတွင်းရှိကာကွယ်ရေးအဖွဲ့များသို့ချက်ချင်းအသိပေးအကြောင်းကြားပေးကြရန် ထုတ်ပြန်ခဲ့သည်။

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။