Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သမိုင်းတစ်လျှောက် သင်ခန်းစာများကို ပြန်လည်သုံးသပ်ကာအာဏာရှင်စနစ်ကို ကရင်နီပြည်ရှိ လူထုနှင့် အသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြရန် KNDF တိုက်တွန်း

ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဟုလည်း အသိပေးသည်။

KNDF

သမိုင်းတစ်လျှောက် သင်ခန်းစာများကို ပြန်လည်သုံး သပ်ကာ ယနေ့ အာဏာရှင်စနစ်ကို ကရင်နီပြည်သူလူထု နှင့် ကရင်နီပြည်ရှိ အသင်းအဖွဲ့များစည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က တိုက်တွန်းထုတ်ပြန် သည်။

ယနေ့(ဇွန် ၂၁ ရက်)ကျရောက်သည့် ကရင်နီအမျိုးသားနေ့သို့ KNDF က ပေးပို့ခဲ့သော သဝဏ်လွှာတွင် အထက် ပါအတိုင်း ဖော်ပြထားသည်။

ကရင်နီအမျိုးသားများသည် စည်းလုံးညီညွတ်မှုနည်းပါးခဲ့သည့်အတွက် အာဏာရှင်များ၊လူမျိုးကြီးများ၏ သွေးခွဲမှုကြောင့် နှစ်ပေါင်းများစွာ ကရင်နီအမျိုးသားရည်မှန်းချက်ဖြစ်သည့် စည်းလုံးညီညွတ်ရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် လူထုဘဝတည်ငြိမ်အေးချမ်းမှုကို ဖြည့်စည်းပေးနိုင်စွမ်းမရှိခဲ့ဟု ဆိုသည်။

ထို့ကြောင့် KNDFအနေဖြင့် ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကိုတိကျခိုင်မာစွာရရှိခံစားနိုင်ရေး အချက်သုံးချက်ကို အကောင်အထည်ဖော်ရန် သိန္ဓိဌာန်ချမှတ်ထားကြောင်း အသိပေးသည်။

ထိုအနက် ဌာနေတိုင်းရင်းသားများနှင့် ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူလူထုဖြစ်သည့် ကရင်နီအမျိုးသားများသည် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိသည့် ပြည်နယ်တစ်ခုအနေဖြင့် ပြည်ထောင်စုတွင် ရပ်တည်ဖော်ဆောင်သွားမည်ဟု ပါရှိသည်။

အလားတူ ဌာနေတိုင်းရင်းသားများ၏ လူနည်းစုအခွင့်အရေးနှင့် ကရင်နီပြည်သူလူထုအားလုံး၏ တန်းတူအခွင့်အရေး နှင့်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂတ်တွင် ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တိကျစွာ ကာကွယ်ပြဌာန်းရုံမက အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် KNDFက ရပ်တည်ဖော်ဆောင်မည်ဟု ကတိပြုသည်။

အဆိုပါ ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဟုလည်း အသိပေးသည်။

၁၈၇၅ ဇွန်လ ၂၁ ရက် ဗြိတိန်သျှအဂ်လိပ်နှင့် ဗမာဘုရင်တို့က ကရင်နီအား သီးခြားလွတ်လပ်ကြောင်းနှင့် ကရင်နီကို မည်သူမျှမကျူးကျော်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် နေ့ကို အောက်မေ့သတိရသောအားဖြင့် ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွာသားများသည် ပစ်ခတ်သံများ၊ လက်နက်ကြီးကျည်ပစ်သံများကို နေ့စဉ်ကြားခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ မီးတင်ရှို့ခံရသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရကြောင်း Free Burma Rangers အဖွဲ့ ထုတ်ပြန်သည်။

သတင်း

ဇွန်လ ၁၂ရက် ညတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ၁၀ဦးထက်မနည်း ရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ငယ် (၈)လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း - ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဇွန်လ ၁၂ရက်က နေ့လည်ပိုင်းတွင် KNDF တပ်ရင်း(၂)မှ ရဲဘော်အချို့ တိုက်ပွဲဖြစ်ပွားရာ ဒေါညေးခူရွာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ညနေလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညသန်းခေါင်အထိ ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။