Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်အတွင်း မြစ်ချောင်းများမှ သဲကျောက်စုပ်ယူခြင်းမပြုရန်၊ ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြို့နယ်(ပကဖ)ထုတ်ပြန်

နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထား သည်။

တနင်္သာရီမြို့နယ်
တနင်္သာရီမြို့နယ်

တနင်္သာရီ မြို့နယ်အတွင်းရှိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်း၊ ည ၆နာရီမှ နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဇွန်လ ၂၀ရက်) ထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်(ပကဖ)
တနင်္သာရီမြို့နယ်(ပကဖ)

အလားတူ တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာအုပ်စု၊မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်းအား နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ကြောင်း ယနေ့ ထုတ်ပြန် သည်။

သက်ဆိုင်သည့် မြစ်သဲကျောက်စုပ်ယူနေသူများအနေ ဖြင့် ယခုအသိပေးချက်ထုတ်ပြန် သည့်နေ့မှစ၍(၃)ရက်အတွင်း တားမြစ်ဧရိယာအတွင်းမှ ထွက်ခွာပေးရန်နှင့်

လိုက်နာဆောင်ရွက်ခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပအဖ)က ထုတ်ပြန် သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

News

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

News

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

News

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုး၍နယ်မြေရှင်းလင်းများဆောင်ရွက်နေပြီး လက်ရှိအချိန်ထိတိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်း TDFမှ တာဝန်ရှိသူကဆက်ပြောသည်။