Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ် လယ်သစ်​ရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ​လေးဦးသေ

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တနင်္သာရီမြို့နယ် လယ်သစ်​ရွာ တိုက်ပွဲ
တနင်္သာရီမြို့နယ် လယ်သစ်​ရွာ တိုက်ပွဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်​ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့ကြောင်း Tanintharyi Defense Force က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ဇွန် ၁၆ ရက်နှင့် ယနေ့ (ဇွန် ၁၇ ရက်)တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်အင်အားတိုးမြှင့်ထားခြင်းကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်လာ၍ ကျေးရွာ​ဒေသခံပြည်သူများအ​နေဖြင့် ဘေးလွတ်ရာရှောင်နေကြရန်လည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က သတိ​ပေးထားသည်။

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေကို အသေးစိပ်မရှိရသေးကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် " လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်"ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိ​ပေးထုတ်ပြန်သည်။

သတင်း

ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။

သတင်း

ထိုစစ်ကြောင်းသည် ရွာဆိုးကျေးရွာမှ ပေါက်ချိုင်ကျေးရွာသို့ ဦးတည်ရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အိန္ဒိယ− အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။