Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်းတပင်နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KNLA/PDF ပူးပေါင်းတပ်က ပဒေသာမိုင်းဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ဦးသေဟုဆို

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Taw Oo Karen News
ဓာတ်ပုံ - Taw Oo Karen News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ ၂၀ရက် နေ့လည်ပိုင်းက အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို ထန်းတပင်မြို့နယ် ရှားစေးဘိုရွာနှင့် တောင်ကြီးရွာကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“တောင်ကြီးရွာဘက်က ဆင်းလာတဲ့ စစ်ကောင်စီကို မိုင်းဖြတ်ဆွဲတာ ၁၂ယောက်ထိတယ် ၈ယောက်သေးသွားတယ်။ ပြီးတော့ ဒီကောင်တွေ ခလရ(၇၃) စခန်းထဲကို ပြန်ဆုတ်သွားတယ်။ဖြစ်တာက ရှားစေးဘိုနဲ့ တောင်ကြီးကြားထဲမှာ” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က မိနစ်အနည်းငယ်ကြာ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

“သူတို့ဘက်က လက်နက်ကြီး မော်တာတွေနဲ့ ပစ်တာရှိတယ် စက်သေနတ်နဲ့ပစ်တာရှိတယ်။ သူတို့ ပြန်ပစ်တာတော့ ၁၀မိနစ်လောက်ပဲကြာတယ်။ အဲဒါပစ်ပြီး သူတို့လူတွေ ပြန်သယ်ပြီး ဇရပ်ကြီးဆေးရုံ ပို့တာ။ အဲဒါ သေဆုံးသွားတာ ၈ယောက်လို့ သတင်းရတယ်” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၂)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လာ၍ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာသည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကြိုတင်တိမ်းရှောင်သွားခြင်းကြောင့် ပျူခေါင်းဆောင်အမည်ခံမျိုးတင့်ဆိုသူသည်လက်နက်များနှင့် အတူထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

"မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်"ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

သတင်း

အများပြည်သူများ အသက်အန္တရာယ်မထိခိုက်စေလိုသောကြောင့် မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် လမ်းပြန်ဖွင့်မည်အချိန်အား ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ပြည်သူများအထူးသတိထားနေထိုင်ကြရန် Salingyi GZ Local PDFက သတိပေးသည်။

သတင်း

သေဆုံးသွားသော ပျူများကို ပျူ သင်တန်းကွင်းဖြစ်သည့် ကျွန်းတောအတွင်းမှာပင် အမိန့် ပြန်သွားသည်ဟုလည်း အသိ​ပေးသည်။ ပျူများ​သေဆုံးမှုနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။