Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် KIAနှင့် PDFပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ် ၂၀ကျော်သေ

“မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

(အင်း​တော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - IR)
(အင်း​တော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ ပြီးခဲ့သည့် သုံးရက်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။

အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့် မော်တိတ်ဒေသအနီး တစ်ဝိုက်တွင် ဇွန်လ ၁၈ရက်မှ ၂၀ရက် အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကသာခရိုင် တပ်ရင်း(၂)အင်းတော်ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၈ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဇွန်လ ၁၈ရက် တိုက်ပွဲဖြစ်စဉ်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးနား ရွာမှ တောထဲရောက်ရှိနေသည့် ကလေး လေးဦးနှင့် လူကြီး တစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

သုံးရက်တာ တိုက်ပွဲ၌ လက်နက်ကြီးကျည်ကြောင့် ရဲဘော်တစ်ဦးသာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်များကို အင်းတော်ရဲစခန်းထဲတွင်ဆေးကုသ ပေးနေကြောင်း သတင်းရရှိထားသည်ဟု Indaw Revolution က ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကြိုတင်တိမ်းရှောင်သွားခြင်းကြောင့် ပျူခေါင်းဆောင်အမည်ခံမျိုးတင့်ဆိုသူသည်လက်နက်များနှင့် အတူထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

သတင်း

အများပြည်သူများ အသက်အန္တရာယ်မထိခိုက်စေလိုသောကြောင့် မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် လမ်းပြန်ဖွင့်မည်အချိန်အား ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ပြည်သူများအထူးသတိထားနေထိုင်ကြရန် Salingyi GZ Local PDFက သတိပေးသည်။