Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမခမှ ဆင်းလာသည့် ​​စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်သုံးစီးထိမှန်

စစ်ဆင်ရေး(၃)မှာမူ နေ့လည် ၁နာရီ ၁၈မိနစ်ခန့်တွင် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် မိုင်း(၃)လုံးတွဲဖောက်ခွဲတိုက်ခိုက်မှု အရ၃၅စီး​မြောက်ကားအား ထိမှန်ခဲ့ကြောင်း သိရသည်။

(ယခုလဆန်းပိုင်းက မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲခံရစဥ်။ ပုံဟောင်းကို အသုံးပြုထားပါသည်။)
(ယခုလဆန်းပိုင်းက မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲခံရစဥ်။ ပုံဟောင်းကို အသုံးပြုထားပါသည်။)

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ စစ်ကိုင်းမြို့သို့ ဆင်းလာသည့် ယာဥ်အစီးရေ ၁၀၄စီးပါသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက် ခိုက်ရာ ကားသုံးစီးထိမှန်ခဲ့ကြောင်း Black Eagle Defence Force က ထုတ်ပြန်သည်။

စစ်ကောင်စီယာဥ်တန်းကို မြင်းမူမြို့နယ်အတွင်းရှိ နေရာသုံးနေရာ၌ စစ်ဆင်းရေးသုံးခုဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေး(၁)အရ ယနေ့(ဇွန် ၂၁ ရက်) နေ့လယ် ၁နာရီခန့်တွင် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြား တစ်ဖက်ပွင့်ပြောင်း (၅)လုံးဖြင့်တိုက်ခိုက်ရာ၂၅စီးမြောက်ကားအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

(ယခုလဆန်းပိုင်းက မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲခံရစဥ်။ ပုံဟောင်းကို အသုံးပြုထားပါသည်။)
(ယခုလဆန်းပိုင်းက မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲခံရစဥ်။ ပုံဟောင်းကို အသုံးပြုထားပါသည်။)

ထို့နောက် စစ်ဆင်ရေး(၂)တွင် နေ့လည် ၁နာရီ ၇မိနစ် ခန့်တွင်လည်း ၎င်းယာဥ်တန်းအား မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာအကြားတွင် မိုင်း (၄)လုံးတွဲ ဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် ၁၃စီး​မြောက်ကားအား ထိမှန်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ဆင်ရေး(၃)မှာမူ နေ့လည် ၁နာရီ ၁၈မိနစ်ခန့်တွင် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် မိုင်း(၃)လုံးတွဲဖောက်ခွဲတိုက်ခိုက်မှု အရ၃၅စီး​မြောက်ကားအား ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး(၃)ခုကို မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေးများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ပြန်လည်ပစ်ခတ်သည့် အတွက်အကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့်ဒဏ်ရာရစာရင်းအား အတည်မပြုနိုင်သေးဟု Black Eagle Defence Forceက ပြော သည်။

ယနေ့တိုက်ခိုက်မှုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီယာဥ်တန်းများဆင်းလာသည့်အတွက် စစ်ကိုင်း – မုံရွာလမ်းများကို ယနေ့(ဇွန် ၂၁ ရက်) ခေတ္တအသုံးမပြုရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။"ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

သတင်း

ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့​ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။