Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာ့အရေးနည်းလမ်းနှစ်သွယ်တိုက်တွန်းချက်ကို NUG ကြိုဆို

တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိလာရေး ကြိုးပမ်းရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ ကုလအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီရှဲလ် ဘက်ချလက်တ်။ ။ဓါတ်ပုံ-DW )
(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီရှဲလ် ဘက်ချလက်တ်။ ။ဓါတ်ပုံ-DW )

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ရန်နှင့် စစ်ကောင်စီအပေါ် ပိုမိုဖိအားတိုးမြှင့်ရန် နည်းလမ်းနှစ်သွယ် တိုက်တွန်းချက်ကို ထောက်ခံကြိုဆိုကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

(၅၀)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ မဟာမင်းကြီး၏ နှုတ်၏တင်ပြချက် အပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့တွင်သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို တားဆီးရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီခိုင်မြဲစေရန်၊ လူသားချင်းစာနာမှုအကူအညီပေးရန်၊ ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရန် အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာရေး ကတိပြုထားကြောင်း NUG က ဆိုသည်။

ထို့အပြင် နိုင်ငံသားနှင့် ပြည်သူ့ရေးရာအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်(CCPR) နှင့် နှိပ်စက်ညှင်းပန်းမှုဆန့်ကျင်ရေးသဘောတူစာချုပ်(CAT)အပါအဝင်နောက်ထပ်စာချုပ်စာတမ်းများကိုလည်းအတည်ပြုလက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိလာရေး ကြိုးပမ်းရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ ကုလအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုများတွင် ဆန်းသစ်တီထွင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်၊အကြမ်း ဖက်စစ်ကောင်စီထံ လက်နက်စီးဆင်းမှုတားဆီးရန်၊ စစ်ကောင်စီချုပ်ကိုင်ထားသည့်ငွေကြေးအဖွဲ့အစည်းများနှင့် စီးပွားရေးအကျိုးအမြတ်များကို ပိတ်ပင်ဖြတ်တောက်ပစ်ရန် NUG က တိုက်တွန်းသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်စာရင်းသွင်းရန်နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့်နှင့် ရင်းမြစ်များကို ပိုမိုခိုင်မာ အားကောင်းစေရေးလုပ်ဆောင်ရန် ဆက်လက်တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် တောက်လျှောက်ကြိုးစားလာခဲ့သော်လည်း စစ်ကောင်စီတပ်က ကိုယ်ကျိုးကြည့်ပြီး ၂၀၀၈ကိုဆွဲကိုင်ထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူ လူထု၏ ကြိုးပမ်း အားထုတ်မှုများလျင်မြန်စွာ ပြီး မြောက်အောင်မြင်နိုင်ပါစေကြောင်း NUGက သဝဏ်လွှာပေးပိုပသည်။