Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငွေတိုက်စာချုပ်ရောင်းချမှုနှင့် မင်းအောင်လှိုင်နေအိမ် ရောင်းချမှုတို့မှ ကန်ဒေါ်လာ ၄၅သန်းကျော်ရရှိ

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မင်းအောင်လှိုင်နေအိမ်
မင်းအောင်လှိုင်နေအိမ်

▪️၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်သုံးထားဟု NUG ရှင်းလင်း

▪️လစဉ်တော်လှန်ရေးအသုံးစရိတ် ဒေါ်လာ ၁၀သန်းလိုအပ်၊ လုပ်ငန်းရှင်များအခွန်ဆောင်ရန်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈သန်းရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ မတရားသိမ်းပိုက်ထားမှုကို ရောင်းချထားမှုမှ ဒေါ်လာ ၇သန်းကျော် စုစုပေါင်း ၄၅သန်းရရှိထားကြောင်း NUG၏ ယနေ့ ညနေပိုင်း၌ ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားသည်။

“အဲဒီထဲက ၉၅ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်လို့ ပြောတဲ့အခါ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲတာတွေရှိပါတယ်။ PDFတွေကို လက်နက်တပ်ဆင်တာတွေရှိပါတယ်။ နောက်ပြီး စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးတွေမှာ သုံးစွဲတာတွေလည်းရှိပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်တန်းပြောရမယ်ဆိုရင် တော်လှန်ရေးအသုံးစရိတ်အနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၁၀သန်း ရရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် ဒီပမာဏကို လစဉ်ပြည့်မီဖို့ အတွက်လည်း NUG အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အစိုးရကို တော်လှန်ရေးတာဝန်တစ်ရပ်အနေနဲ့ အခွန်ဆောင်ကြဖို့ တိုက် တွန်းလိုပါတယ်။”ဟု ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ် PDFများ ပိုမိုအားကောင်းလာပြီး ခုခံစစ်သာမက တပ်ရင်းအလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားရောက်ရှိလာသည်ဟု ရှင်းလင်းသည်။ လက်နက်ခဲယမ်းများကိုလည်း ဝယ်ယူတပ်ဆင်ခြင်း ထုတ်လုပ်တပ်ဆင်ခြင်း နည်းလမ်းနှစ်မျိုးဖြင့် လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်နေသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

နယ်မြေ စိုးမိုးမှု အခြေအနေမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းများ၌ အဓိက လမ်းမကြီး၏ ၉၀ရာခိုင်နှုန်းခန့်၊ ကျေးရွာများ၏ ၈၀ရာခိုင်နှုန်းခန့်ကို PDFများက စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း ပြောကြားသည်။ ထို့ပြင် တနင်္သာရီတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၌ PDFများ၏ လှုပ်ရှားမှု ပိုအားကောင်းလာကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ နေပြည်တော်နှင့် မန္တလေး တိုင်းတို့၌ မြို့ပြ ပြောက်ကျား လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆက်လက် ရှင်သန်လျက်ရှိသည်ဟု ဆိုသည်။

ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ် မြောက်ပိုင်းတို့၌ မဟာမိတ် တိုင်းရင်း သားလက်နက်ကိုင်တပ်များနှင့် PDF များ၏ စိုးမိုးထိန်းချုပ်နိုင်မှု များ တိုးပွားလျက်ရှိသည်ဟု ရှင်းလင်းပြောကြားသည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု အားကောင်းလျက်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်း

ကျောက်ဆည်မြို့ရှိ နေအိမ်တွင် ဦးသန်းရွှေ နေထိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုအစောင့်ချထားပြီး ထိုအစောင့်တပ်များရှိနေသည့်ကြားမှပင် နွေဦးတော်လှန်ရေးကာလအတွင်း သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။

သတင်း

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။

သတင်း

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။