Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်၊ အချုပ်အနှောင်မှ လွတ်မြောက်ရန် ဆုတောင်းကြ

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။

ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်
ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သည့် (၇၇)နှစ်မြောက်မွေးနေ့တွင်ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ရေလည်ကျွန်းဒေသတပ်ခွဲရဲဘော်များ၊ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ရဲဘော်များ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC)မှ ရဲဘော်များ၊ YDF Htilin Battalion 3 မှရဲဘော်များ၊ ဂန့်ဂေါ PDF မှ ရဲဘော်များ၊ အမှတ် -၁၀၀၈ တပ်ရင်း(ရှမ်းတောင်)မှ ရဲဘော်များ၊ NUG အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၇) ရဲဘော်များ၊ က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။

“အမေစုကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ ၊ အမေ့ခေါင်းမှာပန်ဖို့ သားတို့ပန်းတွေခူးနေကြတယ်အမေ”ဟု ရေစကြို PDF ရဲဘော်များက ဆုတောင်းပေးသည်။

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြည်သူ့မေတ္တာလွှမ်းခြုံ၍ သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးပါစေ။အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။အချုပ်အနှောင်ခံနေရသော အမှန်တရားဘက်တော်သားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေ”ဟု ဂန့်ဂေါ PDFက ဆုတောင်းပေးသည်။

ယောဒေသကာကွယ်ရေးတပ်(ထီးလင်း) တပ်ရင်း – ၃ ကလည်း “ဒီမွေးနေ့မှသည် အမေ‌​ဒေါ်အောင်ဆန်းစုကြည်အသက်ရှည်ကျန်းမာ ပျော်ရွှင်ပါစေအချုပ်အနှောင်များမှ လွတ်မြောက်ပါစေ။ မြန်မာပြည်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံပြည်သူများ အချုပ်အနှောင်များမှ လွတ် မြောက်ပါစေအာဏာရှင်စနစ်ကျဆုံးပါစေကြောင်းကျွန်တော်တို့အသက်နဲ့ သစ္စာတည်၍ ဆုတောင်းပေး လိုက်ပါတယ်ခင်ဗျာ”ဟု ဆုတောင်းပေးသည်။

မိဘပြည်သူများလည်း ဖက်ဆစ်စစ်တပ်၏ အတုအ ယောင် ဒီမိုကရေစီ၌ မနစ်မြောဘက် အကြေက်တရားကို တော်လှန်ကြရန် YDF ထီးလင်းတပ်ရင်း(၃)က တိုက် တွန်းခဲ့သည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် PDF တပ်ဖွဲ့များ၊ပြည်သူများနှင့် ပြည်ပရောက်မြန်မာများက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီးအချုပ် အနှောင်မှ အမြန်လွတ်မြောက်စေရန်ကို ဆုတောင်းခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမှန်တရားကို လေးစားယုံကြည်မြတ်နိုးသည့် စိတ်ဓာတ် နှင့်အတူ သမိုင်းတလျှောက်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက် ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေးကို ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ခဲ့သည့် သမိုင်း လုပ်ရပ်များအ တွက် တန်ဖိုးထားလေးစားဂုဏ်ယူကြောင်း CRPH က ဖော်ပြသည်။

သတင်း

ဆန္ဒပြသူများက "ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား" ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။

သတင်း

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းကို ပြုလုပ်ပေးခဲ့ကြသည်။