Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံထက် ကိုယ်ကျိုးစီးပွားကိုသာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ပထမဦးစားပေးဟု JFM ထုတ်ပြန်

“မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။

Justice For Myanmar
Justice For Myanmar

စစ်တပ်ဖွဲ့စည်းပုံအသေးစိတ်အချက်အလက်များကို ဗီယက်နမ်စစ်တပ်ထံ လွှဲပြောင်းပေးခဲ့

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံထက် ၎င်းတို့၏အကျိုးစီးပွားကိုသာ ပထမဦးစားပေးကြောင်းကို စစ်တပ်ဖွဲ့စည်းပုံနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့လက်လွှဲပေးအပ်ခဲ့ခြင်းက ပြသနေကြောင်း Justice For Myanmar က စုံစမ်းဖော် ထုတ်သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ‘နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’ အကြောင်း အမြဲပြောဆိုနေသော်လည်း ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် ထားရှိကြောင်း မိုင်တဲလ်၏ ၂၀၁၈ ခုနှစ် ရောင်းချမှုအစီအစဉ်များက ပြသနေသည်ဟု JFM က ဆိုသည်။

မြန်မာစစ်တပ်သည် ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲလ်ဝန်ထမ်းများကို ကန့်သတ်ထားသည့် စစ်ဘက်အခြေခံ အဆောက်အဦများသို့ သွားရောက်ခွင့်ပေးအပ်ခဲ့ပြီး ထိုဝန်ထမ်းများက တာဝါတိုင်တည်ဆောက်ရေးအတွက် စစ်အခြေစိုက် စခန်းများ၏ မြေပုံများ စုဆောင်းပြုစုခဲ့ပြီး ဖြစ်သည်ဟု JFM က ဖော်ပြသည်။

Justice For Myanmar
Justice For Myanmar

ယင်းနောက် မိုင်တဲလ်၏ အရောင်းမြှင့်တင်ရေးအစီအစဉ်အရ မိုင်တဲလ်ဝန်ထမ်းများသည် စစ်အခြေစိုက်စခန်း တစ်ခုချင်း ဆီသို့ သွားရောက်ခဲ့ပြီး ဒေသခံတပ်ရင်း/တပ်မမှူးများ၏ အကူအညီဖြင့် စစ်ဘက်ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ် အပါအဝင် အချက်အလက်များကို ကောက်ယူခဲ့ရာ မြန်မာစစ်တပ်၏ စုစုပေါင်းအင်အားမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၇၉ ခုတွင် စစ်သည်အင်အား ၃၈၆,၅၀၀ ဦး ရှိသည်ကို တွေ့ရှိခဲ့ရသည်။

“မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။

မြန်မာစစ်တပ်အနေဖြင့် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများနှင့် အကျင့်ပျက်ခြစားမှုကြီးများအတွက် အရေးယူခံရခြင်း တစ်စုံတစ်ရာ မရှိပဲ ပြစ်ဒဏ်မှလွတ်ကင်းနိုင်သည့် လွန်ခဲ့သည့် ဆယ်စုနှစ်က အခြေအနေများဆီသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ကြောင်းလည်း JFM က ဖော်ပြသည်။

“စစ်တပ်အား စီးပွားရေးနယ်ပယ်မှ ဖယ်ရှားခြင်းသည်သာ မြန်မာနိုင်ငံ၏ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ရရှိရေးတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်သည်” ဟု JFM က ဆိုသည်။

စစ်ရာဇဝတ်ဂိုဏ်းအား လုံးဝဖျက်သိမ်းရန်၊ မိုင်တဲလ်ကို သပိတ်မှောက်ရန်၊ Telecom International Myanmar ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ပြည်တွင်းနှင့် နိုင်ငံတကာကို JFM က တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။

သတင်း

လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

သတင်း

ရဲတွေက အဆောက်အအုံ ဒုတိယထပ်က ကွန်ပျူတာတွေရှေ့မှာ အလုပ်လုပ်နေတဲ့ တရုတ် နိုင်ငံသား ၂ ဦးနဲ့ ထိုင်းအမျိုးသမီး ၅ ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာ ၁၀ လုံးလောက်ကိုလည်း ရှာဖွေစစ်ဆေးဖို့ သိမ်းဆည်းလိုက်ပါတယ်။

သတင်း

အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။