Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KG ကနေ Grade 11 အထိ အခမဲ့ သင်ကြားမယ့် ကျောင်းကို တစ်နာရီအတွင်းလျှောက်ထားသူ ကျောင်းသားတစ်သိန်းကျော်ရှိ

KG ကနေ Grade 11 အထိ အခမဲ့ သင်ကြားမယ့် ကျောင်းကို တစ်နာရီအတွင်းလျှောက်ထားသူ ကျောင်းသားတစ်သိန်းကျော်ရှိ

NUG ရဲ့ ပညာရေးစနစ်အတိုင်းအွန်လိုင်းကနေ သင်ကြားပေမယ့် Kaung for You Federal Private School မှာ ကျောင်းအပ်စတင်လက်ခံတဲ့ တစ်နာရီအတွင်းကျောင်းသားကျောင်းသူ တစ်သိန်းကျော် လျှောက်ထားလာတယ်လို့ အဲဒီကျောင်းက ထုတ်ပြန်လာပါတယ်။

၂၀၂၂ −၂၀၂၃ ပညာသင်နှစ်အတွက် အဲဒီကျောင်းဟာ ကျောင်းသားတစ်သောင်း လက်ခံသင်ကြားပေးမှာလို့သိရပါတယ်။

“ကျောင်းသား တစ်သိန်း ကျော်သွားပါပြီ ၊ကျောင်းသားတစ်သောင်းကို အတော်စစ်ထုတ်ရမှာပါ” လို့ Kaung for You Federal Private School က အသိပေးထားပါတယ်။

kaung for you education private school ဟာအကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်တန့်နေရတဲ့အခြေခံပညာကျောင်းသား ၊ကျောင်းသူတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အွန်လိုင်းအခြေပြုပုဂ္ဂလိက ကျောင်းဖြစ်ပါတယ်။

အဲဒီကျောင်းမှာ KG ကနေ Grade 11 အထိသင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။ ကျောင်းအပ်တာကို ဇွန်လ ၁ ရက်နဲ့ ဇွန်လ ၂ ရက်နေ့တွေမှာ လက်ခံတာဖြစ်ပြီး kaung for you education private school ရဲ့ဖေ့ဘွတ်ခ်ပေ့ချ် ချက်ဘောက်ကနေ Google Form ကို တောင်းယူကာ ဖြည့်စွက်ပြီးကျောင်းအပ်လျှောက်လွှာတင်ရတာဖြစ်ပါတယ်။

kaung for you education private school အနေနဲ့ ကျောင်းသားကျောင်းသူ တစ်သောင်းသာလက်ခံမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့အခြားသောဖက်ဒရယ်ကျောင်းတွေမှာ ကျောင်းအပ်ကြဖို့ကိုလည်းမေတ္တာရပ်ခံထားကြပါတယ်။

အလားတူအွန်လိုင်းကနေသင်ကြားပေးမယ့် Yangon Federal School နဲ့ Mandalay Federal School တို့ကလည်း အခြေခံပညာကျောင်းသူ၊ကျောင်းသားတွေအတွက် ဇွန်လ ၁ရက်ကနေ ဇွန်လ ၇ ရက်အထိကျောင်းအပ်လက်ခံနေပြီလို့ သူတို့ရဲ့ဖေ့ဘွတ်ခ်ပေ့ချ်တွေကနေထုတ်ပြန်ကြေညာထားကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။

သတင်း

ဥရောပသမဂ္ဂ၏ EEAS ဒုတိယမန်နေဂျင်းဒါရိုက်တာ Paola Pampaloni သည် NUG ကျန်းမာရေး နှင့်ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးကိုဌာနချုပ်ဘရက်စဲလ်၌ ယနေ့လက် ခံတွေ့ဆုံသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက ရှိခဲ့ပြီးဖြစ်ရာ ပြည်သူ လူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန်လည်း NUGက နှိုးဆော်သည်။

သတင်း

ရန်ကုန်မြို့ဘားလမ်းမှတ်တိုင် ဗုံးခွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်ဗျူဟာဖြစ်သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည်။