Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ချို့ ထွက်ပြေးနေရတယ်လို့ KNU ပြော

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။

ကျိုက်ထို
ကျိုက်ထို

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက်က အင်အား(၂၀၀)ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ၁ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ် ဧက ၁၀၀ ကျောက်မိုင်းဘက်ကို နယ်မြေကျော်ရောက်ရှိလာခဲ့တာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အများကြီးထိခိုက်ပျက်စီးမှု မရှိပေမယ့် ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

သတင်း

"အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်"ဟု DBTF တာဝန်ရှိသူက People's Springသို့ ပြောသည်။

သတင်း

နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာ​ရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။