Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့နယ်ထဲ ပြည်သူများ ခရီးသွားလာမှုကို သတိပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ်

ကျိုက်ထိုမြို့နယ်အတွင်း လမ်းတွေပေါ်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ မော်တော်ယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာတာမျိုး အထူးရှောင်ကြဉ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ သထုံခရိုင်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့နဲ့ နယ်မြေစိုးမိုးမှုတည်ဆောက်ဖို့ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် ကျိုက်ထိုမြို့နယ်ရှိ လမ်းမတွေပေါ်မှာ သွားလာကျမယ့် ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ ည ၈ အတွင်း ခရီးသွားလာစဉ် စစ်ကောင်စီရဲ့ မော်တော်ယာဉ်များနဲ့ အနီးကပ်သွားလာတာမျိုးကို အထူးရှောင်ကျဉ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က တိုက်တွန်းထားတာပါ။

ဒါ့အပြင် ည ၈ နာရီနောက်ပိုင်းမှာ အရေးပေါ်ကျန်းမာရေးကိစ္စနဲ့ သွားလာရမယ်ဆိုပါက လူနာတင်ယာဉ်ကို မီးတန်းဖွင့် အသံဖွင့်ပြီး သွားလာကျဖို့ ည ၈နာရီနောက်ပိုင်း သေရေးရှင်ရေးမဟုတ်ပါက အပြင်မထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က မေတ္တာရပ်ခံထားပါတယ်။

အထက်ပါ သတိပေးချက်တွေကို လိုက်နာခြင်းမရှိပါက ထိခိုက်မှု တစ်စုံတစ်ရာရှိလာပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ အနေနဲ့ တာ၀န်ယူပေးနိုင်မှာမဟုတ်ဘူးလို့ ကြိုတင်အသိပေးကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သတင်း

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေ၌ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ ဆက်တိုက် တွေ့လာနေရသည့်အပေါ် ULAက ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။