Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ် စံပြရွာအနီးတိုက်ပွဲ စစ်သား ၅ ဦး​သေဆုံး

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

တမူးမြို့နယ်၊ ဆရာစံကျေးရွားအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ဇွန် ၂၅ ရက်က၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့ကြောင်း PDF-CEUက ထုတ်ပြန်ထားသည်။

ဆရာစံကျေးရွာအနီးတွင် ယမန့်နေ့ (ဇွန် ၂၅ ရက်) နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ကို ABSDF(အနောက်ပိုင်း)ကျောင်းသားတပ်မတော် ၊ People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် ပူးတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးကျဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်သည်ဟု ​ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

“ပြိုင်ဘက်ဟာ သူရှုံးတော့မယ်မှန်း သိတဲ့အခါ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိတတ်ကြပါတယ်။ ပြိုင်ပွဲရဲ့ သဘောသဘာဝအရ “ရှုံးမဲ မဲတာပါ။” ဒါပေမဲ့ မကြာခင် မိဘပြည်သူများအားလုံး မျှော်လင့်တဲ့အတိုင်း အောင်ပွဲလာတော့မှာပါ။ မိဘပြည်သူများခင်ဗျာ ခဏတာ သည်းခံပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။”ဟု PDF(တမူး) တပ်ရင်း-၄ ပြန်ကြားရေးတာဝန်က မေတ္တာရပ်ခံထားသည်။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

စစ်ကောင်စီတပ်သည် တမူး​ဒေသတွင် အတွင်း လူမဆန်သည့် လုပ်ရပ်များကို အရှိန်မြင့်ပြုလုပ်​နေပြီး ​ဒေသခံပြည်သူများကိုလူသားဒိုင်းလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ်ရက်စက်ယုတ်မာခြင်း၊​နေအိမ်များမီးရှို့ခြင်း၊လူသားဒိုင်းပြုလုပ်ခြင်းစသည်တို့ကိုပိုမိုပြုလုပ် လာ​ကြောင်း PDF
(တမူး) တပ်ရင်း-၄ ကထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

သတင်း

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

သတင်း

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

သတင်း

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။