Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆို၌ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

KNDF
KNDF

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၂၅)က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက် ကုန်းသာနှင့်သေးဆူလဲ ကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF (Loikaw) PDF (DMO)၊ KRU ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးမှာ နံနက် ၆နာရီခွဲမှ စတင်ခဲ့ပြီး ၈နာရီကြာမြင့်ခဲ့ကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဒီးမော့ဆိုမြို့မရဲစခန်းအနီးတွင်လည်းအပြန်အ လှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ ရွာများနှင့်အနီး တဝိုက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

သတင်း

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။