Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခရမ်းမြို့နယ် အိုးဝရွာတွင် လက်နက်ကိုင်လူတစ်စုက ဓားပြတိုက်၊ ကျပ်သိန်း ၇၀ကျော်နှင့် ရွှေခြောက်ကျပ်သားပါသွား

“ထိုသို့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မတရားအ နိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်ကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပါသည်”ဟု PDF – Khayan က ဖော်ပြသည်။

ခရမ်းမြို့နယ်
ခရမ်းမြို့နယ်

▪️ပြည်သူကိုအနိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်အဖြစ် ခရမ်းPDF ရှုံ့ချ

ရန်ကုန်တိုင်း ခရမ်းမြို့နယ် အိုးဝကျေးရွာတွင် လူတစ်စုက လက်နက်များကိုင်ဆောင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်သွားကြောင်း PDF – Khayan က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂၅)နံနက် ၁ နာရီခန့်က အိုးဝကျေးရွာမှ နေအိမ်တစ်အိမ်သို့ လက်နက်များကိုင်ဆောင်ထားသောလူတစ်စုမှ ဝင်ရောက်ကာ အိမ်ရှင်များကို လက်ပြန်ကြိုး တုပ်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်စဥ်တွင် အိမ်ရှင်များထံမှ ကျပ်သိန်း ၇၀ ကျော်နှင့် ရွှေခြောက်ကျပ်သားကျော်တို့ကို လက်နက် ကိုင်လူတစ်စုက ဓားပြတိုက်ယူဆောင်သွားသည်ဟု ဆိုသည်။

“ထိုသို့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မတရားအ နိုင်ကျင့်သည့် ယုတ်ညံ့သောလုပ်ရပ်ကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပါသည်”ဟု PDF – Khayan က ဖော်ပြသည်။

ထို့အပြင် ယခုကဲ့သို့ လက်နက်များဖြင့် ပြည်သူကိုဓားပြတိုက်သွားခြင်းသည် ပြည်သူ့ဘက်မှရပ်တည်ကာကွယ်နေသော ပြည်သူ့ကာကွယ် ရေးတပ်များ၏ တော်လှန်ရေးပုံရိပ်ကို ပုံဖျက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ်ယူဆသည်ဟု ဆို သည်။

“စစ်ခွေးများ၏ မြို့နယ်ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အထင်အမြင်လွဲမှားစေရန် လုပ်ကြံမှုတစ်ရပ်လည်း ဖြစ်ပေါ် သည်”ဟု အသိပေးသည်။

ထို့ကြောင့် ယခုလိုဓားပြတိုက်သွားသော လူရမ်းကားများကို စုံစမ်းနေပြီး ပြင်းထန်စွာတုန့်ပြန်သွားမည်ဖြစ်ကြောင်း PDF – Khayanက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

DG(Monywa) မြို့ပြပြောက်ကျားရဲဘော်များနှင့် မြို့နယ်(ပကဖ)ရဲဘော်များပူးပေါင်း၍ အဆိုပါ အမျိုးသားအား ယမန်နေ့(ဇွန်လ၂၄ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာမှ အမှတ် (၃၉)သစ်စက်ရှိ လေလံပွဲသို့ ကားဖြင့်သွားရောက်စဥ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ သို့သော်အသက်သေဆုံးခြင်းမရှိဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

သတင်း

ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က အမျိုးသား ၄ ဦးရှေ့ဆင့်နောက်ဆင့်ရောက်လာကာ လက်နက်ပြပြီး ဓားပြတိုက်သွားတာပါ။

သတင်း

စစ်ကောင်စီအားကိုးဖြင့် မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသည့်အပြင် ၎င်းတို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးမီးရှို့ ပြာချမည်ဟု ခြိမ်းခြောက်ထားသူများဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

News

ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့​သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ​ဒေသခံများက ပြော သည်။