Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ

စစ်ကောင်စီဘက်ကတော့ ၈၄ လမ်းပစ်ခတ်မှုဖြစ်စဉ်ဟာ ဘဏ်ဓားပြတိုက်သူတွေကိုလိုက်လံဖမ်းဆီးတာဖြစ်တယ်လို့သတင်းထုတ်ထားပါတယ်။

မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ
မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ

မန္တလေး ၈၄လမ်းLotteria ကြက်ကြော်ဆိုင်ရှေ့ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားဟာ ရတနာပုံ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ဟာ ဇွန်လ ၂၅ ရက်က ဖြစ်ခဲ့တာပါ။ ဆိုင်ကယ်စီးလာတဲ့အမျိုးသားကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးတာလို့ သိရပြီးကြက်ကြော်ဆိုင်ရှေ့အရောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ
မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဆိုင်ကယ်စီးအမျိုးသား သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသွားသူအမျိုးသားဟာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှူး ဆရာစွမ်းထက်အောင် ခေါ် ထက်ရှိုင်းဇော်ဖြစ်တယ်လို့သိရပါတယ်။

မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ
မန္တလေး ၈၄ လမ်းပစ်ခတ်မှုမှာ သေဆုံးသွားသူဟာ ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေ

ရတနာပုံတော်လှန်ရေးအဖွဲ့က ကျဆုံးသွားသူအတွက် သေနတ်ပစ်ဖောက်အလေးပြုတာနဲ့အမိန့်ပြန်တမ်း ထုတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့အဖွဲ့ရဲ့ ဖေ့ဘွတ်ခ်ကနေမနေ့က ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ၈၄ လမ်းပစ်ခတ်မှုဖြစ်စဉ်ဟာ ဘဏ်ဓားပြတိုက်သူတွေကိုလိုက်လံဖမ်းဆီးတာဖြစ်တယ်လို့သတင်းထုတ်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာနေပြည်သူလူထုတွေကို ကေအဲန်ယူနဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ဆယ်နေရာချထားတာ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ပေးချက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

သတင်း

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။