Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ မူလထိန်းသိမ်းထားရာနေရာပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ထံ စာရေးသားပေးပို့ထားတယ်လို့ဖော်ပြထားပါတယ်။

Prak Sokhonn
Prak Sokhonn

အကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားရာနေရာဆီ ပြန်လည်ပို့ဆောင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ဆီရွှေ့ပြောင်းလိုက်တဲ့အပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဟာအလွန်အမင်းစိုးရိမ်နေပြီး မူလနေရာမှာပဲပြန်လည်ထားရှိဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ထံ စာရေးသားပေးပို့ထားတယ်လို့ဖော်ပြထားပါတယ်။

Prak Sokhonn
Prak Sokhonn

မြန်မာနိုင်ငံ မူလအခြေအနေကို ပြန်ရောက်ဖို့နဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာအရေးပါတဲ့ ကဏ္ဍ ကနေရှိနေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက မြန်မာပြည်သူတွေဟာမှတ်ယူထားကြတယ် ဆိုတာကို အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုအသိပေးထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ရှိနေပါတယ်။အဲဒီခရီးစဉ်အတွင်းမှာစစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ကတော့ မသေချာသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နေထိုင်တဲ့နေရာကနေ အခြားတစ်နေရာကိုပို့လိုက်ပြီး ဖမ်းဆီးထားတာပါ။

အဲဒီနေရာကနေ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မတရားသည့်ဥပဒေများကို ရင်ဆိုင်နေရသော အသက် (၇၇)နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ကို ယခုကဲ့သို့အချုပ် ထောင်တခုအတွင်း ပြောင်းရွေ့လိုက်သည့် မတရားလုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။

သတင်း

“ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရှာမှုကနေ မြန်မာနိုင်ငံပုံမှန်ပြန်ဖြစ်ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူအများအပြားကပါ မှတ်ယူထားဆိုတာသေချာပါတယ်” ဟု Prak Sokhonn က ဆိုသည်။

အတွေးအမြင်ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာဂျီနိုဆိုက်မှာ ကြံရာပါဖြစ်နေတာကြောင့် (သူ့ကိုဂုဏ်တင်သင့်သလား) ဆိုတဲ့ ဝေဖန်မေးခွန်းထုတ်တဲ့ စာတွေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာအရေးကို မကြာခင်က ချက်နိုင်ငံက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာဖြေခဲ့တာရှိပါတယ်။ အဲဒါကို ပြန်ဖေါ်ပြလိုပါတယ်။

သတင်း

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။