Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထုတ်ကုန် Adman Goldဘီယာများ သယ်ဆောင်လာ၍ ဖျက်ဆီး

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓာတ်ပုံ - SNAKE EYES PDF
ဓာတ်ပုံ - SNAKE EYES PDF

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် Adman Goldဘီယာများ သယ်ဆောင်လာ၍ ယင်းဘီယာများအား ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုခရိုင်အခြေစိုက် SNAKE EYES PDFအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ ၂၇ရက်) မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀)အား တင်ဆောင်လာသော Light Truck ယာဥ်တစ်စီးကို SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သယ်ဆောင်လာသူ ယာဉ်မောင်းအား နောက်နောင် သုံးစွဲခြင်း၊ရောင်းဝယ်ခြင်း၊သယ်ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တစ်ပါတည်းပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွှေဘိုခရိုင်အခြေစိုက် C&T SHWEBOအဖွဲ့ကလည်း စစ်ကောင်စီ ထုတ်ကုန်များ၊ စစ်ကောင်စီကိုထောက်ခံအားပေးသော (စစ်ကောင်စီနှင့် နည်းအမျိုးမျိုးနှင့်ပက်သက်ဆက်နွယ်နေသော) စီးပွားရေးလုပ်ငန်းစုများမှ ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်း ၊ ရောင်းချခြင်း ၊ သယ်ဆောင်ခြင်းမပြုကြပါရန် ပြည်သူများအား အ‌သိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အချိန်မှာ ဒီကနေ့ ဇွန် ၂၇ ရက်ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပူးပေါင်းအဖွဲ့ဆီကနေ သိရပါတယ်။

သတင်း

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သတင်း

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

သတင်း

ကြားသိရသော သတင်းအရ "စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံး ၍ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် " ဟု ဖော်ပြထားသည်။