Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CRPH ဥက္ကဋ္ဌ ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

CRPH
CRPH

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့အကြား ပြုလုပ်သည့် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်ခဲ့ကြောင်း CRPHက ယနေ့သတင်းထုတ်ပြန်သည်။

အထက်ပါခရီးစဉ်အတွင်း CRPH ဥက္ကဋ္ဌသည် IPU အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာမာတင်ချောင်ဂေါင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

CRPH
CRPH

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များ၊ စစ်တပ်က ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေမှုများ၊ ယင်းသို့ မြန်မာပြည်သူများ ခံစားနေရမှုအား လျော့ကျစေရေး နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများအပေါ်အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် CRPH ဥက္ကဋ္ဌသည် ကုလသမဂ္ဂဆိုင်ရာ နော်ဝေနိုင်ငံအမြဲတမ်းမစ်ရှင်၏ အတိုင်ပင်ခံ Mr. Einar Rystad နှင့် လုံခြုံရေးကောင်စီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စရပ်များဆိုင်ရာ မူဝါဒအကြံပေး Ms. Ingrid Erno တို့နှင့် တွေ့ဆုံခဲ့သည်။

CRPH
CRPH

တွေ့ဆုံမှုတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နော်ဝေး၏ ကူညီပေးနေမှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေး၊ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်မှုနှင့် အခန်းကဏ္ဍ၊နယ်စပ်ဒေသရှိ ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေမှုတို့အပေါ် ဆွေးနွေးခဲ့သည်ဟု CRPHက ထုတ်ပြန် သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမှန်တရားကို လေးစားယုံကြည်မြတ်နိုးသည့် စိတ်ဓာတ် နှင့်အတူ သမိုင်းတလျှောက်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက် ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေးကို ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ခဲ့သည့် သမိုင်း လုပ်ရပ်များအ တွက် တန်ဖိုးထားလေးစားဂုဏ်ယူကြောင်း CRPH က ဖော်ပြသည်။

သတင်း

တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင်နေမှုများ စသည့်အချက်များကို ထည့်သွင်းဆွေးနွေးသည်။

သတင်း

ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၆၅ နိုင်ငံဟာ အက္ခရာစဉ်အတိုင်း အလှည့်ကျ သဘာပတိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေသလို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်မယ့်...