Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောတွင်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှခြောက်ဦးသေ

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

(ပု​​လော PDF တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-ပု​လောPDF)
(ပု​​လော PDF တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-ပု​လောPDF)

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၂၇) ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခန့်က ပုလောနယ်၊ နန်းတောင်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပုလောPDF နှင့် မဟာမိတ်ညီနောင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းတိုက်ပွဲမှာ နံနက် ၈ နာရီခန့်အထိ လက် နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်များအထိအခိုက်မရှိခဲ့ဟု ဆိုသည်။

“ပြည်သူတွေ စိတ်မပျက်စေရအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်ခဗျ”ဟု ပုလောPDFမှတော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အချိန်မှာ ဒီကနေ့ ဇွန် ၂၇ ရက်ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပူးပေါင်းအဖွဲ့ဆီကနေ သိရပါတယ်။

သတင်း

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သတင်း

ကြားသိရသော သတင်းအရ "စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံး ၍ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် " ဟု ဖော်ပြထားသည်။