Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနောင်မြို့တွင် စစ်ကောင်စီနောက်လိုက် ရဲများကို နဂါးနီတော်လှန်ရေးတပ် တိုက်ခိုက်

“ဆိုင်ကယ်နဲ့ သွားရင်းကနေ Mission ကိုအကောင် အထည်ဖော်တာ။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

People's Spring
People's Spring

ဧရာဝတီတိုင်း ကနောင်မြို့တွင် စစ်ကောင်စီနောက်လိုက် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက် တိုက်ခိုက်ခဲ့သည်။

ယနေ့(ဇွန် ၂၉ရက်) နံနက် ၉နာရီခန့်တွင် ကနောင်မြို့၊အမှတ်(၂)ရပ်ကွက်အတွင်း သွားလာနေသည့် ရဲတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က ထုတ်ပြန်သည်။

ထို့နောက် ကနောင်ရဲစခန်းရှေ့မှ ရဲတစ်ဦးကို လက်ပစ်ဗုံးဖြင့်ပစ်ရန် ပြင်ဆင်နေချိန် ရဲမိသားစုဝင်တစ်ဦးက မြင်သွား၍ ဆုတ်ခွာခဲ့စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

“ဆိုင်ကယ်နဲ့ သွားရင်းကနေ Mission ကိုအကောင် အထည်ဖော်တာ။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

လတ်တလော​ဒေသတွင်း အခြေအနေနှင့်ပတ်သက်၍ လူထုထံ သတိပေးချက်တစ်ခုကိုလည်း နဂါးနီတော်လှန် ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူလူထုများအနေဖြင့် ယနေ့မှစ၍ မည်သည့်စစ်ကောင်စီစခန်း၊ဌာနများအနီးမနေရန်နှင့် မည်သည့်နေရာမှမဆို ပေါက်ကွဲသံ၊ပစ်ခတ်သံများ ထွက်ပေါ်လာပါက စူးစမ်းလိုစိတ်ဖြင့် ထွက်လာကြည့်ခြင်း၊စုံစမ်းကြည့်ရှုရန် စုဝေးရောက်ရှိလာခြင်းများ (နောက်ဆက်တွဲများပေါက်ကွဲပါက ထိခိုက်မည်ဟုစိုးရိမ်ပါ၍)ရှောင်ရှားကြပါရန်နှင့်‌ တော်လှန်ရေးအဖွဲ့ဝင်ရဲဘော်များအား တွေ့ရှိပါက တတ်နိုင်သမျှကူညီပေးကြပါရန်အထူး(အထူး) မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် ဇွန်လဆန်းပိုင်းကစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီကို တိုက်ခိုက်မှု အရှိန်မြင့်လာသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် စနေထွန်းဦးဆောင်သော အရှေ့ပိုင်း LDF အဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

နိုင်ငံတကာ

စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ စျေးဝယ်စင်တာကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေ ထွက်ပေါ်လာခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဒါဟာ သေချာပေါက် စစ်ရာဇဝတ်မှုပဲလို့ စွပ်စွဲခဲ့ပါတယ်။

သတင်း

ယင်းတိုက်ခိုက်မှုကို PDF-SAW တပ်ရင်း(YRPA) ကျောက်ထုPDF(YRPA) ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့(SPGF)ညောင်ရမ်းPDF, The Youth Force (Saw&Kyaukhtu) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။