Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုရှိနေသမျှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လုံး၀ရရှိမည်မဟုတ်ဟု ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးပြော

တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်တပ်၏ ကျရှုံးသည့် အာဏာသိမ်းမှုရှိနေသမျှ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လုံး၀ရရှိမည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြော သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး – ပဋိပက္ခနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ပဋိပက္ခကြောင့် ဖြစ်ပွားလျက်ရှိသည့် စားနပ်ရိက္ခာဖူလုံမှုပြဿနာအား နည်းလမ်းမျိုးစုံမှ ပူးပေါင်းဖြေရှင်းရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း သည်။

မြန်မာပြည်သူများသည် ရွေးကောက်ခံအရပ်သားအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့်အတူ စစ်တပ်မှ ပြုလုပ်သည့် ဒုက္ခအကြပ်တည်းကို ရပ်တန့်ရန်နှင့် အခြေခံလူ့အခွင့်အရေးများကို အာမခံပေးမှုများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်ကြောင်းလည်း သံအမတ်ကြီးက လုံခြုံရေးကောင်စီသို့ အစီရင်ခံသည်။

တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူဦးရေတဝက်ခန့် ၂၅ သန်းကျော်သည် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု သတ်မှတ်မှုအောက်တွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ထုတ်ပြန်ထားပြီး ၂၀၂၂ တွင် မြန်မာပြည်သူ ၆ဒသမ.၂ သန်းသည် အသက်ကယ်ကူညီစောင့်ရှောက်မှုကို လိုအပ်မည်ဟု လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများက ပြော ကြားထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်သော်လည်း စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်များရှိနေကြောင်း KNUနှင့် KIAတို့က ဆိုသည်။

သတင်း

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

သတင်း

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ ထုတ်ပြန်ခဲ့ပြီး ယင်းဖိတ်ခေါ်ချက်အပေါ် ရှုတ်ချခဲ့သည်။