Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထိုးစစ်ကြောင့်စစ်ရှောင်နေရသည့် ဒီးမော့ဆိုလူထု၏ ဆိုင်ကယ်များကို ကာကွယ်ရေး ပူးပေါင်းတပ် ပြန်ထုတ်ယူပြီး ပြည်သူများအားပြန်ပေး

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆို မြို့နယ်၊ဒေါငံခါး​ကျေးရွာတွင်စစ်​ကောင်စီစစ်​ကြောင်းထိုးလာသဖြင့် ပြည်သူလူထူထွက်​ပြေးရင်းနေအိမ်များတွင်ကျန်ရစ်ခဲ့သော ဆိုင်ကယ်များကို ထုတ်ယူနိုင်ခဲ့ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံမှုများပြုလုပ်နေ ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုDMO-Local PDF က ထုတ်ပြန်သည်။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ခွဲအချို့နှင့် KA(ကရင်နီတပ်မတော်) တပ်ဖွဲ့အချို့တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် လူထုနေအိမ်မှ ကျန်ရစ်လျက်ရှိသော ဆိုင်ကယ်(၁၆)စီးကို ယနေ့ ပြန်ထုတ်ယူနိုင်ခဲ့သည်ဟုအသိ​ပေးသည်။

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီက အင် အားသုံးထိုးစစ်ဆင်လာတော့ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်။အများစုကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးရတော့ ပစ္စည်းတွေကျန်ခဲ့ကြတာ။အခုထိလည်း ထိတွေ့မှုက ရှိသေးတော့ ဘယ်သူမှ ပြန်မလာနိုင်ကြသေးဘူး”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)
(ပြည်သူများ၏ ဆိုင်ကယ်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ထုတ်ယူလာပြီးပြန်အပ်ရန် ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-DMO- Local PDF)

ယခုနှစ် မတ်လ ကစ၍ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိသောဒေါငံခါးကျေးရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်တပ်စွဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိထုတ်ယူနိုင်ခဲ့​သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား ပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကာ ကျန်ရစ်​သောဆိုင်ကယ်များကို ပိုင်ရှင်ထံ ဆက်လက် အပ်နှံသွားမည်ဖြစ်ကြောင်း ဒီးမော့ဆို PDFက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

သတင်း

ဇွန်လ ၃ရက်က စစ်ကောင်ဏီတပ်များ ညောင်လယ်ရွာသို့ ဝင်ရောက်လာစဉ် ပြည်သူ​ခြောက်ဦးကို သတ်ဖြတ်ခဲ့ရာ ၎င်းအနက် ငါးဦးမှာလက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

ဒီနေ့အမိန့်ချရာမှာ မောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ၊NLDပါတီရုံးမြေကိစ္စ အမှု ၂ မှုအတွက် ၆နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ကိုချမှတ်ခဲ့တာပါ။