Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား

ထုံးဘိုလေးကျေးရွာက စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေဟာ ဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား
ရွာကိုမီးရှို့ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်က ယူသွား

စစ်ကောင်စီတပ်က ကေအဲန်ယူ-သထုံမြို့နယ်ထဲက ထုံးဘိုလေးကျေးရွာကို မီးရှို့ပြီး မီးမလောင်ဘဲ ကျန်နေတဲ့ ဆိုင်ကယ်၊ သစ်တွေနဲ့ အခြားပစ္စည်းတွေကို သယ်သွားကြတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျတ်ဆီးခဲ့တဲ့ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအတွင်း မီးမလောင်ပဲ ကျန်ရှိနေသေးတဲ့ ရွာသားပိုင်ဆိုင်ကယ်တွေ၊ ဝါး သစ်တွေ စားအုန်းဆီတွေ အိုးခွက်ပန်းကန်များနဲ့ အခြားပစ္စည်းတွေကို တပ်စခန်းတွေဆီကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်က သယ်ယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုံးဘိုလေးကျေးရွာက စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေဟာ ဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ဇွန်လ (၂၉) ရက် နံနက်ပိုင်းကလည်း ကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကို ကား(၄)စီးနဲ့ သယ်ယူသွားခဲ့တယ်လို့ သိရပါသေးတယ်။

ဇွန်လ (၂၅) ရက်က ကေအဲန်ယူ-သထုံမြို့နယ်အတွင်း နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား မိနစ် (၄၀) ခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျတ်ဆီးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ထုံးဘိုလေးရွာနဲ့အနီးတစ်ဝိုက်က ဒေသခံ ဦးရေ(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများရှိပြီး အမှုရင်ဆိုင်ဖြေရှင်းနေရသူများလည်းရှိကြောင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီအား တိုင်ကြားခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိစစ်ကောင်စီ၏ ဥကရစ်ထစစ်​ကောင်စီတပ်စခန်းကိုသိမ်းပိုက်နိုင်ရန်ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ရက်မှစ၍ယနေ့ဇွန်လ၃၀ရက်အထိ၅ရက်ဆက်တိုက်ခိုက်လျက်ရှိသည်။

သတင်း

ထို့ပြင် တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သော (၉)မမပစ္စတိုသေနတ်(၁)လတ် ၊ ကျည် (၁၂)တောင့် နှင့် ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း KNDFမှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။