Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်က မြန်မာအတွက်ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး အာဆီယံအထူးကိုယ်စားလှယ် လက်ခံ

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ သန်းကို တရုတ်အစိုးရဟာ အာဆီယံအထူးကိုယ်စားလှယ် ထံ ပေးအပ်လာတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ဆေးပေးအပ်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးရဲ့နေအိမ်မှာ ဒီနေ့ ပြုလုပ်ခဲ့တာလို့သိရပါတယ်။

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

မြန်မာနိုင်ငံကိုရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံရေးဝန်ကြီး ပရက်ဆွန်ခွန်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ကာကွယ်ဆေးပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဒီကာကွယ်ဆေးဟာ ပြီးခဲ့တဲ့ လပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ရဲ့အစိတ်အပိုင်းလည်းဖြစ်ပါတယ်။

ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး
ဓာတ်ပုံ−ကမ္ဘောဒီးယားနိုင်ငံခြားရေး

တရုတ်က လှူတဲ့ကာကွယ်ဆေးကို သွားလာရေးခက်ခဲတဲ့ နေရာတွေ ထိုးနှံပေးမယ်လို့သိရပါတယ်။ ကာကွယ်ဆေးပေးအပ်ပွဲမှာတော့အာဆီယံအထူးကိုယ်စားလှယ်က လူသားချင်းစာနာထောက်ထား အကူအညီပေးရေးမှာ အရောင်အသွေးမပါသင့်ဘူးလို့ဆိုပါတယ်။

ဒါအပြင် နိုင်ငံရေးမတူကွဲပြားမှုတွေကိုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်အောက်ကနေ မြေပြင်မှာ အခြေအနေတိုးတက်အောင်လုပ်သင့်တယ်လို့ပြောပါတယ်။

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“အခုဆိုရင် ဝမ်ယိက မြန်မာပြည်ထပ်လာပြီးတော့ ကွန်ဖရန့်တွေ၊ စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ပဲ စဉ်းစားတယ်ဆိုတာ ကျွန်မတို့ နိုင်ငံက ပြည်သူတွေကို ဗြောင်ကျကျ စော်ကားလိုက် တယ်လို့ပဲ မြင်ပါတယ်” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

ဝမ်ယိရဲ့ ခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

သတင်း

ဒီတခေါက်ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့မသေချာသေးပါဘူး။စစ်ကောင်စီဘက်က အမှုရင်ဆိုင်နေရသူနဲ့ ပေးတွေ့ဖို့ မရှိဘူးလို့ ထုတ်ပြောထားတာရှိပါတယ်။