Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းတွင်စစ်​ကောင်စီစစ်​ကြောင်း မိုင်းထိ၍ ၃ဦး​သေ

အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

(တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-TDPDF)
(တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-TDPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်မိုင်းထိပြီး ၃ ဦးသေဆုံးသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)ကသတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ၃၀ရက်နေ့)တွင် မင်းကင်းမြို့နယ် ကျော်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါအကြမ်းဖက်စစ်တပ်သည် ပျားသုံးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာစဥ် တိုက်မိုင်းများဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

မေလအတွင်းကလည်း စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊​ကျော်ရွာတွင်တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကရက်(၂၀)ကြာစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀)ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကနီနယ်ရှိ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များ အကြား ဥကရစ်ထစခန်းအတွက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

သိမ်းဆည်းရမ်​သောလက်နက်များတွင် ​စက်​သေနတ်အပါအဝင်လက်နက်မျိုးစုံ ၁၂ လက်၊ လက်နက်ကြီးတစ်လက်၊ RPG များ၊ ဒရုန်းပစ်လက်နက်၊ ဗုံးသီးများစ​သောလက်နက်များနှင့် ကျည်ံ​ပေါင်း​​မြောက်များစွာပါဝင်သည်ကို​သတင်းဓါတ်ပုံတွင်တွေ့ရသည်။

သတင်း

၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများရှိပြီး အမှုရင်ဆိုင်ဖြေရှင်းနေရသူများလည်းရှိကြောင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီအား တိုင်ကြားခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။