Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေ့ကော်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ၊ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် တစ်ဦးကျဆုံး

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း

▪️လက်နက်ကြီးကျည်အချို့ရရှိကြောင်း ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ၌ ဇွန်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရရှိပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ် ကြောင်းမှ စစ်သည်တစ်ဦးကျဆုံးခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)၊ လေ့ကေ့ကော်‌ ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာ ဇွန်လ ၂၉ရက် ညနေ ပိုင်းမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်က (၄၀)မမ၊ (၈၁) မမ၊ (၁၂၀) မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစားခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ည ၁၀နာရီ ခွဲခန့်တွင် ဆုတ်ခွာသွားသည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း
ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

စစ်ကောင်စီတပ်က ည ၁၁နာရီခန့်တွင် ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့ရာ ကော်ဘရာစစ်သည်များနှင့် ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံဆုတ်ခွာ ထွက်ပြေးကြရကြောင်း ထုတ်ပြန်သည်။ ထို့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကော်ဘရာစစ်သည် ၁ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စီစစ်သိရှိရသည်ဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းသည် ဝေါ်လေဒေသရှိ စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကူပေး တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က လေးကေ့ကော်ရှိ ကော်ဘရာစစ်ကြောင်းနေရာသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များ အကြား ဥကရစ်ထစခန်းအတွက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

သတင်း

သိမ်းဆည်းရမ်​သောလက်နက်များတွင် ​စက်​သေနတ်အပါအဝင်လက်နက်မျိုးစုံ ၁၂ လက်၊ လက်နက်ကြီးတစ်လက်၊ RPG များ၊ ဒရုန်းပစ်လက်နက်၊ ဗုံးသီးများစ​သောလက်နက်များနှင့် ကျည်ံ​ပေါင်း​​မြောက်များစွာပါဝင်သည်ကို​သတင်းဓါတ်ပုံတွင်တွေ့ရသည်။

သတင်း

၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများရှိပြီး အမှုရင်ဆိုင်ဖြေရှင်းနေရသူများလည်းရှိကြောင်း၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီအား တိုင်ကြားခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။