Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ထုတ်ပြန်

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁ ရက်)နံနက်ပိုင်းက လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်ကောင်စီစခန်းကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး၏ Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့

ဇွန်လ၂၉ ရက်ကလည်း လွယ်ဟယ်ရွာတွင် တပ်စွဲထားသောရန်သူအား အထူးစစ်ဆင်းရေး Sniperအဖွဲ့နှင့် Fighterအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးကြောင်း အသိပေးထားသည်။

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း ချောင်းဦးမြို့ နယ်အရှေ့ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်များကားချိန်းနေစဥ် ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးခဲ့ဖူးသည်။