Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFနှင့် မဟာမိတ်တပ်တိုက်ခိုက်မှုကြောင့် ဗန်းမောက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၂၀ကျော်သေ

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

ဒဏ်ရာရစကစတပ်သားကို ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
ဒဏ်ရာရစကစတပ်သားကို ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ဒဏ်ရာရစစ်ကောင်စီတပ်သားကို ဆေးကုပေးပြီးကောင်းမွန်စွာ ထိန်းသိမ်းထားဟု NUG ကာကွယ်ရေးအသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ၃၀ရက်က ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

ဗန်းမောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကသာခရိုင် တပ်ရင်း-၂( ဗန်းမောက် PDF + အင်းတော် PDF)၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့ပြီးလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း Banmauk Revolution-BRက အသိပေးထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ဗန်းမောက်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖုန်းလိုင်းများ ဖြတ်ခံထားရသည့်ကြားမှ သတင်းများကို ကြိုးစားတင်ဆက်နေပါတယ်ခင်ဗျာ။ခြေသံလုံဖို့ဦးစားပေးထားရတဲ့အတွက် အချို့အချို့သော အချက်အလက်များ၊ ပုံများကို တင်ပြခြင်းမပြုနိုင်သည်ကို နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျာ။မြေပြင်သတင်းအချက်အလက်များအရ မုန့်ဟင်းခါးပွဲရေမှာဒိထက်များပြားပြီး ၃၀ ကျော်ကြောင်းလဲ သိရှိရပါသည်ခင်ဗျာ”ဟု BRကအသိ​ပေးသည်။

ထိုအပြင်တိုက်ပွဲတွင်ဒဏ်ရာရစစ်​ကောင်စီတပ်သားများစွာကို သီလရွာတွင်ကားပေါ်သို့ထမ်းတင်နေကြောင်း မျက်မြင်​တွေရှိသူများထံမှသိရ​ကြောင်းလည်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။

သတင်း

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

သတင်း

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။