Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတောင်ပိုင်း အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြား တိုက်ပွဲဖြစ်

အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။

PDF GanGaw - တောင်ပိုင်း တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်၊ (ပုံဟောင်းကို အသုံးပြုထားပါသည်)
PDF GanGaw - တောင်ပိုင်း တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်၊ (ပုံဟောင်းကို အသုံးပြုထားပါသည်)

ဂန့်ဂေါတောင်ပိုင်း အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြား တိုက်ပွဲဖြစ်ပွားရာ စစ်သားနှစ်ဦးလဲကျသွားသည်ကိုတွေ့ရပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း PDF GanGaw(တောင်ပိုင်း)အဖွဲ့က ယနေ့(ဇူလိုင် ၁) တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခွဲက ဂန့်ဂေါမြို့ပေါ်မှ အင်အား ၆၀ ဝန်းကျင်ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် WE LOVE တံတားအတိုင်း အနောက်ဘက်ဂန့်ဂေါသို့ စစ်ကြောင်းထိုးလာပြီး တောင်ဘက်သို့ဆက်လက်ထွက်လာရာ နံနက်၈နာရီ ၁၅ မိနစ်ခန့်တွင် အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြားတွင် PDF-GANGAW (တောင်ပိုင်း)အဖွဲ့နှင့် KKG တပ်ရင်း(၆)အဖွဲ့တို့မှ ပူးပေါင်းဆီးကြိုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်တပ်များသည် အောင်မြင်ရွာ ဘုန်းကြီးကျောင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပေါ်သို့ရောက်ရှိနေပြီး ၎င်းနေရာတစ်ဝိုက် ထိတွေ့တိုက်ပွဲအချိန်မရွေးဖြစ် လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ – မင်းရွာလမ်းပိုင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပိုင်းတို့အား ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာ ရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲဖြစ်ပွားရာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ (၆၀) မမ ဗုံးသီး ​လေးလုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့်တစ် ခု သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

သိမ်းဆည်းရမ်​သောလက်နက်များတွင် ​စက်​သေနတ်အပါအဝင်လက်နက်မျိုးစုံ ၁၂ လက်၊ လက်နက်ကြီးတစ်လက်၊ RPG များ၊ ဒရုန်းပစ်လက်နက်၊ ဗုံးသီးများစ​သောလက်နက်များနှင့် ကျည်ံ​ပေါင်း​​မြောက်များစွာပါဝင်သည်ကို​သတင်းဓါတ်ပုံတွင်တွေ့ရသည်။