Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်တွင် စစ်ကောင်စီတပ်က ဇွန်လအတွင်း အိမ်ခြေ ၁၁၀ကျော်ထပ်မံ မီးရှို့

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

ဓာတ်ပုံ - PTAC
ဓာတ်ပုံ - PTAC

▪️ဘုရားကျောင်း သုံးကျောင်းလည်း မီးလောင်ပြာကျခဲ့ရ

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၁၁၇လုံး မီးလောင်ပြာကျခဲ့ရကြောင်း ထန်တလန်စစ်ရှောင်ကော် မတီ Thantlang Placement Affairs Committee -IDPs help( TPAC)က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများကို ဇွန်လ ၉ရက်၊ ၁၁ရက်၊ ၁၆ရက်၊ ၂၀ရက်နှင့် ၂၃ရက်များတွင် ထပ်မံမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - PTAC
ဓာတ်ပုံ – PTAC

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

ယခုဇွန်လအတွင်း မီးရှို့ခဲ့မှုများအပါအဝင် စစ်​ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် အိမ်ခြေမီးရှိူ့မှု အကြိမ်ပေါင်း ၃၅ကြိမ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - PTAC
ဓာတ်ပုံ – PTAC

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ပေါ်နေအိမ်များကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ မီးရှို့ဖျက်ဆီးမှုများ၊ လူထုများအား ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ထန်တလန် တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

သတင်း

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

သတင်း

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း ချောင်းဦးမြို့ နယ်အရှေ့ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်များကားချိန်းနေစဥ် ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးခဲ့ဖူးသည်။