Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG အစိုးရ၊ ​ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့ ရုံး၊ ဌာနများဖွဲ့စည်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)
(NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ KPS ရဲတပ်ဖွဲ့ဝင်များ နယ်မြေကွင်းဆင်းဆောင်ရွက်နေစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲ‌ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့၏ ရုံး၊ ဌာနများ ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီးဌာနမှ ယနေ့ (ဇူလိုင် ၁) ထုတ်ပြန်သည်။

ဝန်ကြီးဌာနမှ ယမန်နေ့(ဇွန် ၃၀)ရက်စွဲဖြင့်ထုတ်ပြန်သော အမိန့်ကြေညာချက်အရ “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နှင့်အညီ အောက်ပါရုံး၊ ဌာနများအားဖွဲ့စည်းခွင့် ပြုလိုက်သည်ဟု ဖော်ပြသည်။

အဆိုပါ အမိန့်စာတွင် ပြည်သူ့ရဲတပ်ဖွဲ့၏ရုံး၊ ဌာန ၁၁ခုကိုဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပြီး ၎င်းတို့မှာ ရဲချုပ်ရုံး၊ ဒုတိယရဲချုပ်ရုံး၊ ရဲဦးစီးချုပ်ရုံး၊ ရဲရေးချုပ်ရုံး၊ ရဲထောက်ချုပ်ရုံး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ မှုခင်းတပ်ဖွဲ့၊ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်း‌ရေး ဌာနကြီး၊ သတင်းတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးနှင့် မြို့ နယ်ရဲတပ်ဖွဲ့များ/မြို့နယ်ရဲစခန်းများ ပါဝင်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်၌ ဟန်ပြဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသည့် Pre CDM ရဲတပ်ဖွဲ့ဝင် ၃၄ ဦးအထိရှိနေပြီး ဝန်ကြီးဌာနနှင့် အဆက်အသွယ်မရသေးသည့် အခြား CDM ရဲတပ်ဖွဲ့ဝင်များအား ဆက် လက်ချိတ် ဆက်နိုင်ရန် စီစဥ်နေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော CDM ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူးနှစ်ဦး၊ ဒုရဲမှူး ၁၂ ဦး၊ ရဲအုပ် ၄၄ ဦး၊ ဒုရဲအုပ် ၈၂ ဦး၊ ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်ကြီး ၁၀၈ ဦး၊ ရဲတပ်ကြပ် ၁၆၇ ဦး၊ ရဲဒုတက ၃၄၆ ဦး၊ ရဲတပ်သား ၂,၁၂၉ ဦး၊ စာရေး ၁၆ဦးနှင့် အကျဥ်းဦးစီး ၃၀ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ယခုနှစ်(၂၀၂၂)မေလ ၃ ရက်တွင် အတည်ပြုပြဌာန်းခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG PAY ၏ လက်ရှိ ငွေကြေးလဲလှယ်မှု သက်မှတ်ချက်အရ DMMK (ဒီဂျစ်တယ်မြန်မာကျပ်ငွေကြေး) တစ်ယူနစ်ကို မြန်မာငွေ တစ်ကျပ်သတ်မှတ်ထားပြီး တစ်ဒေါ်လာငွေလဲနှုန်းကို ၂,၀၄၀ ကျပ်အဖြစ် သတ်မှတ်ထားသည်။

သတင်း

ထို့အပြင် တရုတ်ကုမ္ပဏီနယ်မြေများနှင့် စီမံကိန်းနေရာများတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်း၏ တပ်သားများချထားခြင်းဖြင့် နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို လက်နက်အဖြစ် အသုံးချရန်စတင်နေပြီကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြသည်။

သတင်း

NUG သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲ စာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်၀တ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြောင်း ကြေညာသည်။

သတင်း

သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် NUG က အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကိုအစည်းအ​ဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဥ်များပါချထားသ​ယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။