Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေ့ကော်ဒေသသို့ ထပ်မံစစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်ရှိ

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ဖြင့် ဝင်ရောက်လာသည့်အပေါ် ကော်ဘရာ စစ်ကြောင်းက စစ်ဗျူဟာကျကျ ခုခံနိုင်ခဲ့၍ စစ်ကောင်စီတပ်များ ယမန်နေ့ညသန်းခေါင်ကျော် အချိန်၌ ဖရိုဖရဲဆုတ်ခွာသွားသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

လက်နက်ကြီးကျည်အချို့ ထပ်မံရရှိကြောင်း ကော်ဘရာစစ်ကြောင်း အသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည် ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ရက်ညပိုင်းက လေးကေ့ကော်ရှိ တောင်ကုန်းတစ်ခုသို့ လက်နက်ကြီး ပစ်ကူရယူထိုးစစ်ဆင်ခဲ့သည့် စစ်ကောင်စီတပ်သည် ဇွန်လ ၃၀ရက် ညပိုင်းတွင်လည်း ထပ်မံ၍ဝင်ရောက်လာရာ ကော်ဘရာစစ်သည်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ဖြင့် ဝင်ရောက်လာသည့်အပေါ် ကော်ဘရာ စစ်ကြောင်းက စစ်ဗျူဟာကျကျ ခုခံနိုင်ခဲ့၍ စစ်ကောင်စီတပ်များ ယမန်နေ့ညသန်းခေါင်ကျော် အချိန်၌ ဖရိုဖရဲဆုတ်ခွာသွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုအား အတည်ပြုနိုင်ရန် စိစစ်စုံစမ်းနေဆဲ ဖြစ်ပြီး ကော်ဘရာစစ်ကြောင်းမှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီ၏ (၆၀) မမ ဗုံးသီး တစ်လုံး၊ RPG ပို့ယမ်း တစ်တောင့်၊ (၄၀) မမ ကျည် ၇လုံး၊ စက်လက်ကျည် ၉၉တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၉ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်အချို့ကို ကော်ဘရာ စစ်ကြောင်းက ရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော်တရီမြို့နယ်အတွင်းရှိ သေ့ဘောဘိုးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲချသွားခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ကျောင်းသားကျောင်းသူတွေအပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာပါ။

သတင်း

ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံ​မြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။

သတင်း

ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။