Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ

အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။

ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ
ရှေ့နေတွေကို ပစ်မှတ်ထားဖမ်းဆီးရာ မန္တလေးမှာ ဖမ်းဆီးခံရသူ ရှေ့နေ ၁၃ ဦးခန့်ရှိလာ

မန္တလေးမှာ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရှေ့နေ ၁၃ဦးခန့်ရှိနေတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်လို့ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအများစုကို ပစ်မှတ်ထားဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံထားရတဲ့ရှေ့နေ ၁၃ဦးခန့်ရှိလာပြီလို့သိရပြီး ၁၀ဦးရဲ့ အမည်နဲ့ ဖမ်းခံရတဲ့နေ့ရက်တွေကိုသာ အတည်ပြုနိုင်ပါသေးတယ်။

နောက်ဆုံး ဖမ်းခံထားရတဲ့ နေ့ရက်ဟာ ဇွန်လ ၂၉ ရက်ဖြစ်ပြီး မန္တလေးအိုးဘိုထောင်ကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ဦးတင်ဝင်းအောင် ၊ ရှေ့နေ ဒေါ်သဲစုနိုင်၊ ရှေ့နေ ဦးသုတတို့ဖမ်းဆီးခံခဲ့ရတာပါ။

အိုးဘိုထောင်ကနေ အမှုစစ်ပြီးအပြန် အဖမ်းခံရတဲ့ ရှေ့နေတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်လည်းပါဝင်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးပြီးတစ်လအကြာမှာ PDFကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ထောင်တသက်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့တရားစွဲဆိုထားပါတယ်။

အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။

ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ရွှေအလင်းဥပဒေအကျိုးဆောင် ရုံးခန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးလုပ်ခဲ့ပါတယ်။

ဒီလို ပစ်မှတ်ထားဖမ်းဆီးခံရတာမျိုးအပြင် ထောင်တွင်းတရားရုံး အမှုစစ်ဆေးချိန် ရှေ့နေတွေကို တရားခွင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ခြိမ်းခြောက်တာမျိုး တွေလည်းရှိတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေးမှာ ဒီရက်ပိုင်းလုံခြုံရေးတင်းကြပ်ထားသလို အိုးဘိုထောင်တွင်းတရားရုံးကနေ ပြန်လာတဲ့ ရှေ့နေ ၃ ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာတွေရှိနေပါတယ်။

သတင်း

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

သတင်း

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ - မန္တလေးလမ်းမကြီး၊ စစ်ကိုင်း - မြင်းမူ - မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။